ကြေးမုံ
အပိုင်း (၁)
#ကြေးမုံ
ပူပြင်းလှတဲ့ နေရောင်အောက်မှာ အမိ အရွယ်တစ်ဦး နှင့် မိန်းမပျိုလေး တစ်ဦး ထန်းပင်ရိပ် ကို အားပြုလို့ ရှေ့ဆက်နေကြသည်..။
"သွက်သွက် လျှောက်စမ်းပါ မိလွန်းရယ်..နှေးလိုက်ပါဘိ..နေမွန်းတည့်ရင် ခက်မယ်.."
မိလွန်းဆီက တုန့် ပြန်သံ မရှိပဲ ဆက်လျှောက်ကြသည်..။
"တော်ပါရဲ့.."
"မြို့စားမင်း..."
"သပ္ပ ရွာစား..အမ ပဲ..ထိုင်ကြစမ်းပါအုံးလား.."
ခွင့်ပြုချက်ရသည်နဲ့ ဒေါ်မယ်သည် ကွပ်ပျစ်ပေါ် ထိုင်ချလိုက်တော့သည်..။
"နေကလည်း ပြင်းရဲ့ ဘယ် နှယ့်မို့ အရေးတကြီး ဖြစ်လာရတုန်း.."
"သပ္ပရွာစား က ထန်းစာနဲ့ တကွ ပေးလိုက်ပါတယ်.."
အုတ်က္က မြို့စား.ဦးလွန်းသည်..ကမ်းပေးသော ထန်းလက်ကို ယူပြီး အေးဆေး တည်ငြိမ်စွာ အသံဆိတ်ဖတ်နေသည်..။
"အိမ်း..ဒါဖြင့် လည်း..တစ်ညတော့ နားမလား..ရွာစားအမ.."
"ညအိပ်မနေလိုပါ.."
"ကောင်းပြီလေ..ဘဦး..ရွာစား...အမကို လှည်းယဉ်နဲ့ လိုက်ပို့လိုက်ချေ.."
အမ ထသွားတာကို မြင်ရချိန် ၀မ်းနည်းစိတ်လှိုင်တက်လာ သော်လည်း..
မိလွန်းထိုင်ရာမ မကြွနိုင်သလို..စိတ်ထဲမှာလည်း ကယောက်ကပါးဖြစ်၏..။
" မိလွန်းတဲ့လား.."
"မယ်လွန်းငယ် ပါ မြို့စားမင်း.."
"အိမ်း..လိုက်ဖက်ပါပေရဲ့..ကြီးတော် နဲ့ လိုက်သွားချေ.."
ဘေးမှ ပဆစ်တုတ်ထိုင်နေသော အမယ် တစ်ယောက်က နောက်သို့ ဆုတ်ပြီး ထွက်တော့ မိလွန်းလည်း ထလိုက်သွားရသည်..။
YOU ARE READING
ကြေးမုံ (Complete)
Romance" မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ပျက်စီးအောင် နောက်ကွယ်ကနေ ကောက်ကျစ်ယုတ်မာတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရွံတာ..ရွံတယ်..နင်နဲ့ လည်း တူတူ မနေနိုင်ဘူး..ငါ့ဘ၀နဲ့ငါ ဘာဖြစ်ဖြစ် လမ်းမမှာ နေပစ်လိုက်မယ်..." ::::::::::::::::::::::::::::::::::::::::::::: "ဟား...