Part 9

1.3K 109 1
                                    


ကြေးမုံ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကြေးမုံ

အပိုင်း (၉)

#ကြေးမုံ

"သခင်.."

"ပြော.."

တစ်ခွန်းတည်း ပြန်လာတဲ့ စကားကို ပြန်ပြောဖို့ မယ် အားယူရသေးသည်..။

"ဦးနိုင် သခင့်် ကို ပြသာနာ ရှာသေးလားဟင်.."

"ဟွန့်...ကျူပ် ကို ရှာလို့ ရမလား အနေသာကြီး..."

မယ်ခေါင်းဆက်ငြိမ့် လိုက်ြ့ပီး..

"မယ် က သူ သခင့် ကို စိတ်ညစ်အောင် လုပ်လာမှာ စိုးလို့ပါ.."

မယ် စကားကို အလေးမထားပဲ..သခင် က ခုံပေါ်တင်ထားတဲ့ ချက်စ်ခုံကို တစ်ယောက်တည်း ကစားနေတာ အထူးအဆန်း...။

မြင်းရုပ်ကို လက်ညှိးနဲ့ လက်ခလယ်ကြားညှပ် ပြီး ခြေချိတ်ပြင်ထိုင်လိုက်ပြီး..

"သူက ခင်ဗျားနဲ့ လင်မယား ပုံစံ မျိုး သတင်းတွေ လည်း လွင့် ထားတယ်."

မယ် ကြောက်လန့် တကြား သခင် မျက်နှာကို ကြည့်မိသည်..။

သခင်ကောယုံသွားမလား...

"အဲဒါ အလိမ်အညာ စကားတွေပါ..မယ် က တစ်ယောက်တည်း နေတာပါ..."

"အလိမ်အညာတွေ ဆိုပေမဲ့ လူတွေ ကြားပါ များရင် အမှန်တရား ဖြစ်သွားတက်တယ်ဆိုတာ သတိထားစမ်းပါ..ခင်ဗျား အရမ်းတုံးလွန်းတယ်..."

"မယ် က ဘယ်လို ပြန်ချေပ ရမှာလည်း."

"သူများအမြင် နဲ့ ရိုးသားမှု ဆိုတာ သက်သေ ပြလို့မရဘူး..ခင်ဗျားကလည်း အနေအထိုင် မတက်ခဲ့ပုံပါပဲ..."

မယ် အနေ အထိုင် မတက်ခဲ့တာတဲ့လား..

အားကိုးစရာ မိဘ မရှိလို့ ဦးလေး ကို အားကိုးမိတာ..မယ် အမှားလား...

ကြေးမုံ (Complete) Where stories live. Discover now