ကြေးမုံ
အပိုင်း (၇)
#ကြေးမုံ
"စပ် နေလို့ကောင်းရဲ့လား.."
"ဘာတုန်း.."
"မသိဘူးလေ..ကုမ္ပဏီ တွေ ဘာတွေ အချိန်မှန် လာနေတာ တစ်ပတ် ကျော်နေပြီ..ခုထိလည်း မပြန်သေးဘူး..တော်တော်လေး မြဲနေတယ်နော်.."
"အဲတော့ ဘာဖြစ်လည်း.."
"ဘာမှ မဖြစ်ပါဘူး..တို့သက်သာတာပေါ့လို့.."
"ဒီကောင် အရင်ကဆို တမ္ဘာ လုံး အလုပ်ကို ဖုန်းနဲ့ ပဲ လုပ်နေပြီးတော့ အခု မှာ အလုပ်ခုံမှာ မြဲနေတာ..ဟား..ဟား.."
ကျော်အောင်နဲ့ ဥက္ကာ က ပြောပြီး ခုံမှာ ၀င်ထိုင်လိုက်သည်..။
"ဘီကေ က ပစ္စည်း ၀င်မှာမလား.."
"ဟုတ်တယ်.."
စပ် လပ်တော့ပ် ထဲမှ မေးလ် ၀င်သံကြားလို့ ဖတ်လိုက်သည်..။
"ဂိတ်ကျော်လာပြီ.."
"အင်း..ကောင်းတယ်..စပ် မင်းအခုလို လိမ်မာသွားတာ တကယ်ကောင်းတာ သလား.."
"ဟား..ဟား...မင်းက ငါ့ အဘလား.."
"မဟုတ်ဘူးလေကွာ..မင်း ထိုင်း မသွားခင်တုန်းကပဲ ကျော်ပိုင်တို့နဲ့ တအားငြိထားတာ..ကျော်ပိုင် က ဇယားရှာချင်တောင် မင်းနဲ့ က တွေ့ဖို့ မလွယ်တော့ဘူးလေ.."
"ဟာကွာ..တော်စမ်းပါ..ဒီခွေး..ငါ့ကို လုပ်တာကောနည်းလား..ဒီ မျက်ခွက်က လူရုပ်ပျောက်သွားရတာ.."
"အေးပါကွာ..ကျော်အောင် မင်းကလည်း သွား စပြန်ပြီ့ကွာ.."
စပ် မျက်နှာတင်းနေတာ ပြန်လျော့ဖို့ မလွယ်တော့တာကြောင့် ကျော်အောင် နဲ့ ဥက္ကာ ပါးစပ်ပိတ်ပြီး ထိုင်နေကြသည်...။
CZYTASZ
ကြေးမုံ (Complete)
Romans" မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ပျက်စီးအောင် နောက်ကွယ်ကနေ ကောက်ကျစ်ယုတ်မာတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရွံတာ..ရွံတယ်..နင်နဲ့ လည်း တူတူ မနေနိုင်ဘူး..ငါ့ဘ၀နဲ့ငါ ဘာဖြစ်ဖြစ် လမ်းမမှာ နေပစ်လိုက်မယ်..." ::::::::::::::::::::::::::::::::::::::::::::: "ဟား...