Part 5

1.6K 110 3
                                    

ကြေးမုံ

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

ကြေးမုံ

အပိုင်း (၅)

#ကြေးမုံ

မိုးမှောင်နေတာလား...မီးမှောင်နေတာလား..မသဲမကွဲ..

ဒီတိုက်ကြီးထဲမှာ မယ် နေတာ ၂နှစ်ကျော် ကြာနေပြီ..

သူများတွေကတော့ ပြောကြလိမ့်မည်..

"မိန်းကလေးတစ်ယောက်တည်း မသင့်တော်ဘူး"လို့..

"ယဉ်ယဉ်လေး ရူးသွားတာ.."

"မိသားစု ကားမှောက်သေသွားမှတော့ ရူးပြီပေါ့..."

"အိမ်ထောင်ကျသွားမှ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြစ်ကြမှာပေါ့"လို့..

မယ် နားထဲကို ရောက်မလာပေမဲ့ သိနေပါသည်..။

တစ်ကယ်တော့ သမီးအပျို တစ်ယောက်ကို ဘယ်မိဘက စိတ်ချပြီး ထားသွားပါ့မလည်း..

အခုတော့ တိုက်ကြီးရယ် မယ်လွန်းရှင် ရယ် ကျိန်စာ ရယ် ပဲ ကျန်တော့သည်..။

ညာဘက်ခြမ်းမှာ တိုက် ရှိလို့ တံခါးတွေ လုံးဝမဖွင့်ဖြစ်..။

ဘယ်ဘက်ခြမ်းက တံခါးတွေကိုတော့ စိတ်မွန်းကြပ်လာရင် ဖွင့်မိသည်..။

အိမ်မက်ဆိုးတွေနဲ့ ကယောင်ခြောက်ခြား နိုးလာရတဲ့ ညဆိုရင်တော့ ၀ရန်တာမှာပဲ မိုးအလင်း အမှောင်ထဲက နေ ကြယ်တွေ လှမ်းကြည့်ဖြစ်ပါသည်..။

တစ်ချို့တွေက မေးခွန်းရှိကြမည်..မကြောက်ဖူးလားတဲ့..

မယ် ကိုယ်တိုင် ကကြောက်စ၇ာကျိန်စာမို့ အရာအားလုံး ထက်ပိုကြောက်နေရသည်..။

ပတ်သက်မိသူတွေ သေဆုံးမလား..ကိုယ်ကြောင့် နာကျင်ရမလားတွေးရင်.. ဘယ်သူနဲ့မှ မပတ်သက်ခဲ့ပါ..။

ကြေးမုံ (Complete) Donde viven las historias. Descúbrelo ahora