ကြေးမုံ
အပိုင်း (၁၅)
#ကြေးမုံ
"ဒေါက်..ဒေါက်..."
"၀င်လာ.."
မယ် ပစ္စည်းဘူးလေး လေးဘူးစလုံးကို သေချာပြန်ထည့်ပြီး အိတ်ထဲ ထည့်ခါ ယူလာခဲ့လိုက်တာ..
မောင့် မိဘတွေ အိမ် သွားတဲ့ နေ့က တင့်တယ်အောင် ၀တ်ပေးခဲ့တာ သိပါသည်..။
ဒီလောက် သိတက်တာပဲ တော်လှပါပြီ...။
"ဘာလည်း.."
"ဒါတွေ.."
"ဘာတွေလည်း.."
"ဟိုနေ့ က မောင်ပေးတဲ့ ပစ္စည်းတွေ ပြန်လာပေးတာပါ.."
"ဘာ.."
စပ် လပ်တော့ပ် အဖုံးကို အသံမြည်အောင် ပိတ်ချပစ်လိုက်မိသည်..။
အေးဆေးနေလို့ကို မရဘူး..ဒေါသ ကို လာ..လာ ပြီး ဆွနေတာ...။
"မယ် သေချာ အ၀တ်နဲ့ တိုက်ထားပါတယ်.."
"ဘာလို့လာပေးနေတာလည်း.."
ဟိုကောင်မလေး အတွက် ၀ယ်ထားတာတွေ...မယ် ယူ ၀တ်မိတာလေ....
"မောင်..သော်သော် အတွက် ၀ယ်ထားတာတွေ မယ့်ကို ခဏ ထုတ်ငှားတာ သိလို့ အလိုက်တသိ ပြန်ပေးတာပါ.."
"ဟား..ဟား..."
သော်တာ ကိုတောင် သော်သော်လို့ ခေါ်တာ အိမ်မှာထိုင်ခဲ့တာ ၅မိနစ် မပြည့်ပေမဲ့ သူ အကုန်မှတ်ထားတယ်ဆိုတာ သိလိုက်ရသည်..။
"တင်ထားခဲ့ ဒီ အနားလာအုံး.."
မယ် အိတ်ကို ခုံပေါ်မှာ တင်ခဲ့ပြီး မောင်ထိုင်နေတဲ့ ကုတင်နားကို တိုးကပ်သွားမိချိန်မမျှော်လင့်ပဲ ခါးကို လက်တစ်ဖက်နဲ့ သိုင်းဖက်ပြီး..ဆွဲချခံလိုက်ရသည်..။
KAMU SEDANG MEMBACA
ကြေးမုံ (Complete)
Romansa" မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ပျက်စီးအောင် နောက်ကွယ်ကနေ ကောက်ကျစ်ယုတ်မာတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရွံတာ..ရွံတယ်..နင်နဲ့ လည်း တူတူ မနေနိုင်ဘူး..ငါ့ဘ၀နဲ့ငါ ဘာဖြစ်ဖြစ် လမ်းမမှာ နေပစ်လိုက်မယ်..." ::::::::::::::::::::::::::::::::::::::::::::: "ဟား...