ကြေးမုံ
အပိုင်း (၂)
#ကြေးမုံ
"ထိပ်ထား..သည်အိမ်မှာပဲ ဆက်နေပါတော့လား.."
".မောင်တော်ကလည်း တာဝန်ထမ်းလျက်မို့ အလုပ်မပိုစေလိုပါဘူး.."
"မောင်တော်..မြင်းနဲ့ပဲ ကြွမလား.."
"အလို..ဒေ၀ီက မြင်းစီးသတဲ့လား.."
"အရင်တော့ တစ်ချိန်မျှ မစီးဖူးပါဘူး.တပ်မှူးကတော် ဖြစ်လာရောလည်း စီးသင့် စီးရမည်ပ.."
"မဖြစ်သင့်ပါဘူး..ဒေ၀ီ..မောင်တော် လှည်းယဉ်တော် ပါ ပါရဲ့ရွှေနန်းတော်မှာလိုတော့ အဆင်သင့် မဟုတ်ဘူးကွယ်..သည်းခံရပါလိမ့်မယ်"
ရွှေနန်းတော် အကြောင်းပြန်ပြောင်း ပြောလည်း ထူးပြီး လွမ်းလောက်စရာမျိုး မရှိပါဘူး.မောင်တော်ရယ်..။
မောင်တော်က မြင်းပေါ် မတက်ပဲ လှည်းယာဉ် ထဲ ၀င်ထိုင်လေတော့ ဒေ၀ီ ဒူးတုပ် ပြောင်းလိုက်ရ၏..။
မြို့လမ်းမဟုတ်လေတော့ လှည်းလူးနေတာမို့ ဒေ၀ီ ကို ထိန်းပေးရ၏..။
"မောင်တော်က ဒေ၀ီကို အမယ် အရွယ်ကြီး ထင်သတဲ့ဆို.."
"ဘယ်သူပြောစ."
"အဘပြောတာပဲ.."
"မှန်ရာပြောရရင်ဖြင့် ၀န်ခံရမှာပဲ..မောင်တော်က ဒေ၀ီကို မြင်မှ မမြင်ဖူးပဲကွယ်.."
"မြင်တော့ဖြင့်.."
"ကလျာဒေ၀ီဘွဲ့ ခံထိုက်ပါပေရဲ့.."
"တကတဲ မောင်တော်တို့ ယောင်္ကျားတွေများ..ပြောင်းလဲတက်ပါဘိ.."
ဒေ၀ီရဲ့ မျက်စောင်းကဲ ပုံလေးကို ငေးရင်း သိုက်စပ် မိန်းမော သွားရသည်..။
YOU ARE READING
ကြေးမုံ (Complete)
Romance" မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ပျက်စီးအောင် နောက်ကွယ်ကနေ ကောက်ကျစ်ယုတ်မာတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရွံတာ..ရွံတယ်..နင်နဲ့ လည်း တူတူ မနေနိုင်ဘူး..ငါ့ဘ၀နဲ့ငါ ဘာဖြစ်ဖြစ် လမ်းမမှာ နေပစ်လိုက်မယ်..." ::::::::::::::::::::::::::::::::::::::::::::: "ဟား...