ကြေးမုံ
အပိုင်း (၁၆)
#ကြေးမုံ
"တီ..တီ...တီ...တီ.."
ခြံရှေ့ မှာ ဂစ်တာ ထိုင်တီးနေတာတွေ့တော့ လမ်းလွတ်ပေမဲ့ ဟွန်းကို ဆက်တီးနေလိုက်သည်။
တစ်ယောက်က ထသွားပေမဲ့ နှစ်ယောက်က ဆက်ထိုင်ပြီး ထသွားတဲ့တစ်ယောက်ကို ပါ လက်ဆွဲပြီ့း ပြန်ထိုင် ခိုင်းခါ စောင်ပေပေ နဲ့ ကားကို စိုက်ကြည့်နေသည်..။
စပ် ဒေါသ က တားမရ တော့လို့ ကား တံခါးကို ဆောင့်တွန်းဖွင့်ပြီး ထွက်လာခဲ့လိုက်ရသည်..။
"ဟယောင်တွေ လူစကားနားမလည်ဘူးလား.."
"ဘာလည်း..အလွှတ်ကြီး.."
"မင်းတို့ ကို ဒီမှာ မထိုင်စေချင်လို့ ညောင်းခိုင်းနေတာ.."
"လမ်းမ ကို မင်း ပိုင်လား ..."
"ဟအေး..လက်ကိုတော့ ငါပိုင်တယ်.."
စပ် လက်ရွယ်ပြီး စကားများနေတဲ့ ကောင်ကို အရင် ထိုးလိုက်သည်..။
"ခွေးပါးဝတာကွာ..ချ..."
ဘေးက နှစ်ကောင်က ပါ ထိုးတော့ စပ် ရှောင်ပြီး ပြန်ခုခံ ရတော့သည်..။
အနားက ကောင်ကို သုံးချက်ဆင့်ပြီး ဗိုက်ကို ချည်း ထိုးလိုက်တာ မထလာနိုင်တော့..
နောက်တစ်ယောက် ကို ထိုးလိုက်ချိန် ရှောင်လိုက်တော့ စပ်လက်က အုတ်နံ့ရံ ကို ထိုးမိသွားသည်..။
"ဟယ်.."
မယ် ကားဟွန်းသံ ကြားပေမဲ့ နှစ်ချက်တည်း မဟုတ်လို့ ထွက်မကြည့်မိ...
မီးဖိုခန်းထဲက ကြည့်တော့ ခြံရှေ့ လူရှုပ်နေတာနဲ့ လှမ်းကြည့်မိတာ...မောင် နဲ့ လူသုံးယောက်...။
CZYTASZ
ကြေးမုံ (Complete)
Romans" မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ပျက်စီးအောင် နောက်ကွယ်ကနေ ကောက်ကျစ်ယုတ်မာတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရွံတာ..ရွံတယ်..နင်နဲ့ လည်း တူတူ မနေနိုင်ဘူး..ငါ့ဘ၀နဲ့ငါ ဘာဖြစ်ဖြစ် လမ်းမမှာ နေပစ်လိုက်မယ်..." ::::::::::::::::::::::::::::::::::::::::::::: "ဟား...