ကြေးမုံ
အပိုင်း (၁၈)
#ကြေးမုံ
"မဖြစ်နိုင်ပါဘူး ရာဇ ရယ်"
"ငါလည်း အဲလို တွေးတာပဲလေ..သေချာ စုံစမ်းပြီးပြီ.ဥက္ကာဆိုတာ သူ့သူငယ်ချင်း အရင်းကြိးဟ."
"ဒါပေမဲ့ ..."မယ် မယုံနိုင်သေးလို့ အကြောင်းပြချက်ရှာနေမိသည်..။
"နင် စပ်နဲ့ အဆက်အသွယ် ရှိလား.."
"မရှိဘူး..မောင် ပြောတာ စပ် က ဘန်ကောက်မှာ တစ်နှစ်လောက်ကြာမယ်တဲ့ အဲဒါကြောင့် ဖုန်းတောင် မခေါ်ဘူး.."
"အဲ ဖုန်းနံပါတ်ပေး ငါခေါ်ကြည့်မယ် နင် လည်း ဖုန်းမချနဲ့အုံး.."
"မဖြစ်နိုင်ပါဘူးဟာ.."
"ပေးပါ.."
ရာဇ ပြောတာတွေ မယုံပေမဲ့ မယ် ဖုန်းနံပါတ် ပို့ပေးလိုက်မိသည်..။
တဖက် က ရာဇ ဖုန်းခေါ်နေသံ ကြားရတာ မယ့်မှာ လက်ဖျားတွေ ကျဉ်လာသလိုလို ..
"ဟလို..."
"ဟလို..စပ်လား.."
"ဟုတ်ပါတယ်..ဘယ်သူလည်း.."
"စပ် ခရီး သွားတယ်ဆို..."
"မသွားပါဘူး..ဘယ်သူလည်း..."
"မယ်လွန်းရှင် အိမ်ဖုန်း ဆက်တာမရလို့ပါ..သူအိမ်မှာ ရှိရဲ့လား.."
စပ် ရင်ဘတ်တွေ ၀ုန်းဒိုင်းကြဲ ကုန်ပြီး အိုင်ပတ်ဆွဲထုတ်ခါ ကင်မရာ ကို အမြန်ဖွင့်လိုက်ရသည်..။
ဆိုဖာခုံတွေနားမှာ ရပ်နေတဲ့ မ ကို တွေ့တော့မှ သက်ပြင်းချလိုက်ပြီး..
"ခင်ဗျား ဘယ်သူလည်း ဒေါ်မယ်လွန်းရှင် နဲ့ ဘယ်လို ပတ်သက် နေတာလည်း.."
DU LIEST GERADE
ကြေးမုံ (Complete)
Romantik" မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ပျက်စီးအောင် နောက်ကွယ်ကနေ ကောက်ကျစ်ယုတ်မာတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရွံတာ..ရွံတယ်..နင်နဲ့ လည်း တူတူ မနေနိုင်ဘူး..ငါ့ဘ၀နဲ့ငါ ဘာဖြစ်ဖြစ် လမ်းမမှာ နေပစ်လိုက်မယ်..." ::::::::::::::::::::::::::::::::::::::::::::: "ဟား...