Part 10

1.6K 123 0
                                    


ကြေးမုံ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကြေးမုံ

အပိုင်း (၁၀)

#ကြေးမုံ

"တီ..တီ...တီ..."

'လန့်လိုက်တာ.."

မယ် ငြီးတွားရင်း ဖုန်းကို ကိုင်လိုက်သည်..။

"ဟလို.."

"မယ်.."

"ဟင်..စပ်လား..အိမ် ခဏ လာပါလား စပ်ရယ်..မယ် ပြောစရာ ရှိလို့.."

"အခုလား.."

"အင်း အဆင်ပြေတဲ့ အချိန်ပေါ့..သခင် အိမ်မှာ မရှိချိန် လာနော်..ဒါပဲနော်.."

မယ် ဖုန်းချပြီးတာနဲ့ အခန်းထဲက ထွက်လာခဲ့လိုက်သည်..။

သခင် အိမ်မှာ မရှိချိန် ဆို မယ် လည်း အလုပ်မရှိလို့ အောက်ထပ်က လိုက်ကာတွေ သိမ်းပြီး မှန်တံခါးတွေ အကုန် ဖွင့်ထားလိုက်ပြီး..အလှပန်းခြင်းလေး ထိုင်လုပ်နေမိသည်.။

"တီ..တီ..."

ကားဟွန်းသံ ကြားလို့ မယ် မှန်တံခါးတွေ အမြန်ပိတ်ဖို့ လက်ရောက် ပြီးခါမှ စပ် ကားမှန်းသိတော့ ကိုယ့် အဖြစ် ကို ရယ်ချင်မိသည်..။

သခင် က တံခါးဖွင့်တာ မကြိုက်တာ..အပြင်လေ လည်း မကြိုက် လို့ မယ့် မှာ တရားမ၀င် တံခါးတွေ ဖွင့်ရသည်.။

"လာပြီ.."

မယ် မီးဖိုခန်း ကနေ ပြေးဆင်းသွားပြီး ခြံ တံခါးဖွင့်ပေးလိုက်တော့ စပ် ကားလေးက ပန်းခြုံ အနီးမှာပဲ ရပ်လိုက်ပြီး စပ် က ကားပေါ် ကနေ ဆင်းလာသည်..။

ကြော်ငြာ မင်းသား လုပ်နေသူလား မသေချာပေမဲ့ မင်းသားရှုံးအောင် ချောမှုံနေပါသည်..။

မျက်မှန် အနက်ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး သေချာချွတ်ခါ မယ့်ကို အပြုံး မျက်ဝန်းမျိုးနဲ့ စိုက်ကြည့် ပြန်သည်..။

ကြေးမုံ (Complete) Where stories live. Discover now