ကြေးမုံ
အပိုင်း (၁၃)
#ကြေးမုံ
"မယ် ပြေးလေ.."
"ဟင်.."
နောက်က လိုက်နေတဲ့ ဘာမှန်းမသိတဲ့ အရိပ် သဏ္ဍန်တစ်ခုကို မယ် ကြောင်ကြည့်နေမိစဉ် မေမေ က ပြေးခိုင်းနေတာ.
မေမေ ကို မွေးကတည်းက မတွေ့ဖူးပေမဲ့ ဓာတ်ပုံထဲမှာတော့ စကားပြောဖြစ်နေကျမို့ ..
မယ်ငေးနေမိသည်..။
မေမေ က ဓာတ်ပုံထဲမှာထက် ပိုကျက်သရေ ရှိသည်..။..
"ပြေးလေ..သမီး..ပြေး.."
"မေမေလည်း..လာပါ...လာပါ..မေမေရယ်.."
"သမီးသွားပါ.."
"မသွားချင်ဘူး..မေမေ မရှိတဲ့ မယ့် ဘ၀ အရမ်း ပင်ပန်းတယ်..မေမေ လိုက်ခဲ့ပါ မေမေရယ်.."
အရေးချိန်မှာတောင် မယ် ဇွတ်တရွတ် ဆန်နေတာ ကို မေမေ က ခွင့်လွှတ်နားလည်စွာပြုံးကြည့်နေသည်..။
"သွားပါ သမီးရယ်..မေမေ နောက် ကလိုက်လာပါမယ်.."
"မေမေ လိမ်ပြောနေတာ..."
မယ် မေမေ လက်ကို ဆွဲပြီးပြေးပေမဲ့ မေမေ က မယ့်လက်ကိုတွန်းပြီး အဝေးကိုပို့လိုက်သည်..။
"မေမေ.."
အရိပ်ကြီး က မေမေ ကို ဖုံးလွမ်းသွားလို့ မြင်ကွင်းထဲမှာမေမေ ပျောက်သွားရသည်..။
အရိပ်က ရပ်မသွားပဲ မယ့် ဆီသို့ တိုးလာတော့ မယ်ပြေးရတော့သည်..။
ငိုရင်း ပြေးတာ မှောင်တဲ့ လမ်းတွေမှာ ဦးတည်ရာမဲ့ စွာပြေးနေရင်း ကူရာ ရှာမိပေမဲ့ သစ်ပင်တွေနဲ့ အမှောင်ထုသာတွေ့သည်..။
ŞİMDİ OKUDUĞUN
ကြေးမုံ (Complete)
Romantizm" မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ပျက်စီးအောင် နောက်ကွယ်ကနေ ကောက်ကျစ်ယုတ်မာတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရွံတာ..ရွံတယ်..နင်နဲ့ လည်း တူတူ မနေနိုင်ဘူး..ငါ့ဘ၀နဲ့ငါ ဘာဖြစ်ဖြစ် လမ်းမမှာ နေပစ်လိုက်မယ်..." ::::::::::::::::::::::::::::::::::::::::::::: "ဟား...