ကြေးမုံ
အပိုင်း (၁၉)
#ကြေးမုံ
"ဒီနေ့ ဘယ်လိုနေလည်း.."
"ဘာလည်း..ဖြစ်တာ တစ်ပတ်တောင် ကျော်နေပြီ..."
"သိတယ်လေ..မောင် အိမ်မှာ မရှိတဲ့ အချိန် တစ်ခုခု ဖြစ်သေးလားလို့ မေးနေတာ.."
"မဖြစ်ပါဘူးဆို.."
"ဟူး..အလုပ်လုပ်ရတာ တကယ် စိတ်မဖြောင့်ဘူး.."
မောင် အကျီင်္ တွေ ကြယ်သီးဖြုတ်နေတော့ မယ် တာဝန်အရ ကူဖြုတ်ပေးမိသည်..။
အလုပ်သွားတိုင်း ဘာမှ မလုပ်ဖို့ ခြံထဲ မဆင်းဖို့ မှာ ခဲ့ပြီး တစ်ခါတစ်လေ သူပြန်လာတာနဲ့ ပန်းပင်ရေလောင်းနေတာ တိုးရင်တော့ နားပူအောင် ဆူတက်သေးသည်..။
စိုးရိမ်ကဲပြနေတာလားလို့ တစ်ခါတစ်ခါ တွေးမိပေမဲ့ ညနက်ချိန် မယ့်အခန်းထဲ ၀င်ပြီး သေချာ ကြည့်ပြီး.စောင်ခြုံပေးတက်တဲ့ သူ့ကို မယုံပဲ မနေနိုင်ပြန်ဘူး..။
မောင် နဲ့ မယ် မချစ်သရွေ့ တော့ မယ်ကောင်းနေအုံးမှာပဲ...။
"ဒါနဲ့ ညကျ ပွဲတက်ဖို့ ရှိတယ်..မ..အတွက် ဂါဝန်လည်း ၀ယ်လာတယ်.."
မောင့် စကားကို စိတ်မ၀င်စားသလို ကြယ်သီးပဲကြည့်ဖြုတ်နေတော့ မယ်မေးဖျားကို ဆွဲမော့ကြည့်ပြန်သည်..။
"ဘာလည်း..စိတ်ဆိုးနေတာလား.."
"မုတ်ပါဘူး.."
"စိတ်မဆိုးရင် ကောက်တာပေါ့..."
"မဟုတ်ဘူး.."
"ဟာ..၀ယ်လာတဲ့ သူ စိတ်ချမ်းသာအောင် ယူကြည့်ပြီး တစ်ခုခု ပြောသင့်တယ်လေ.."
YOU ARE READING
ကြေးမုံ (Complete)
Romance" မိန်းမတစ်ယောက်ရဲ့ ဘ၀ကို ပျက်စီးအောင် နောက်ကွယ်ကနေ ကောက်ကျစ်ယုတ်မာတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရွံတာ..ရွံတယ်..နင်နဲ့ လည်း တူတူ မနေနိုင်ဘူး..ငါ့ဘ၀နဲ့ငါ ဘာဖြစ်ဖြစ် လမ်းမမှာ နေပစ်လိုက်မယ်..." ::::::::::::::::::::::::::::::::::::::::::::: "ဟား...