Zawgyi
ကနေဒါရဲ့တိတ်ဆိတ်သောညကောင်းကင်ဝယ်
လရောင်မရှိဘဲ.ကြယ်မှုန်များသာ..
ဟိုတစ.ဒီတစလင်းလက်ရင်း
မှိန်ဖျော့ဖျော့ လေးလှပနေသည်..။ကြယ်ရောင်ဆမ်းသော
လာဗန်ဒါပန်းများပွင့်လန်းရာ
ခရမ်းရောင်လွင်ပြင်ငယ်ဟာ.
အထီးကျန်လျက်..ခပ်ဝေးဝေးမှ တချက်တချက်
ကြားရသော
လှိုင်းပုတ်သံသဲ့သဲ့မှလွဲ..
တကယ်ကိုဆိတ်ငြိမ်စွာ..အိပ်ပျော်နေရင်းမှ..လူကဘာရယ်မဟုတ်
နိုးလာခဲ့သည်..။နာရီ တချက်ကြည့်တော့
အချိန်ကညနှစ်နာရီထိုးခါနီးပင်..။
ရေဆာလာတာမလိုထသောက်ဖို့
ပြင်လိုက်မိသည်..။မျက်မှန်ကိုဆွဲယူလိုက်ရင်း
အောက်ထပ်ဆင်းလာကာရေဘူးကိုတချက်မော့ပြီးတာနဲ့
ပြန်တတ်ရန်လုပ်တော့
ခပ်ဟဟပွင့်နေသောဆာဝါမူရာအခန်း..လူလဲမရှိ..
မနက်ဖြန်ဂျပန်သွားဖို့..စောစောထရမှာကို
ဒီကောင်မအိပ်ဖူးးများလား?ပြန်အိပ်ဖို့အစီအစဉ်ကို
လက်လျော့လိုက်ရင်း..အိမ်အပြင်ဘက်
ထွက်လာလိုက်သည်..။ဘယ်များရောက်သွားသနည်း? !
တွေ့ပါပြီ..။
လာဗင်ဒါပန်းခင်းအစပ်နားလေးမှ
သဲဖြူဖြူပေါ်ထိုင်နေသော..ဆာဝါမူရာ..ခရမ်းရောင်ဆံနွယ်တွေက
တလွင့်လွင့်
ထွက်လာသည့်
ဘေးနားမှမီးခိုးအငွေ့တွေကြောင့်
ဆေးလိပ်သောက်နေမှန်းသိလိုက်သည်..။အနားရောက်သည်နှင့်
ပါးစပ်ဖျားမှစီးကရက်အား
ဆွဲယူကာ..
ခပ်ဝေးဝေးသို့..လွှင့်လိုက်တော့
မော့ကြည့်လာသော..ခရမ်းပြာရောင်မျက်ဝန်းများ..
YOU ARE READING
မာယာသီချင်းသည် (Sakura Dancing in the Rain)
General Fictionဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)