Part 1

19.2K 831 37
                                    

'12 နာရီ Meeting ရှိတယ် သားကြီး'

Laptop ဖြင့် Vampire Diaries ကြည့်နေသော ကျွန်တော့်ကို သူငယ်ချင်းဖြစ်သူမှ သတိလာပေးသွားသဖြင့် ကျွန်တော်တို့ကျောင်း၏ Fresher Welcome ကျင်းပဖို့အချိန် နောက်တစ်ကြိမ်ရောက်လာပြန်ပြီဟု ကျွန်တော် သတိရမိလိုက်သည် ..

အမြဲ နှစ်စဉ်ကျင်းပလေ့ရှိသော ကျောင်း Fresher Welcome တစ်ခုကို Senior EC များက 2 နှစ်ဆက်တိုက်ဦးဆောင်ကျင်းပပေးဖူးသည့်အတွက် ဒီနှစ် Welcome အတွက်လည်း ဦးဆောင်ပေးပြီး Junior တွေကို ဆွဲခေါ်သွားပေးကြပါဟု ကျောင်းအုပ် Principal မှ ပြောထားသဖြင့် Batch ပေါင်းစုံက EC တွေ စုပြီး Fresher Welcome အတွက် အစီအစဉ်များစဆွဲရန် ဒီနေ့ပဲ Meeting စလုပ်တော့မည်ဆိုသောအတွေး ကျွန်တော့်ခေါင်းထဲ ဝင်လာသည် ..

'အေး အေး .. 12 ထိုးခါနီးရင် ငါ အောက်ကိုဆင်းလာခဲ့လိုက်မယ်' လို့ပြောလိုက်ပြီး ကြည့်လက်စ Vampire Diaries ကို ပိတ်ကာ ကိုယ့်အကြောင်းကိုကိုယ် ပြန်စဉ်းစားမိသွားခဲ့သည် ..

ဒီကျောင်းမှာတက်လာခဲ့တာ အခုဆိုရင် 3 နှစ်တောင် ရှိသွားခဲ့ပြီ .. အတန်းကြီးကျောင်းသားစာရင်းသာ ဝင်ပေမယ့် ကိုယ်ပေါင်းဖြစ်နေတာတွေက Juniors များဖြင့်သာ .. တစ်ဦးတည်းသောသားဖြစ်တဲ့အတွက် အပေါင်းအသင်းမက်သူတစ်ယောက်ပီပီ ဒီကျောင်းကသူငယ်ချင်းများက ကိုယ့်အတွက် အစ်ကိုများညီများကဲ့သို့ပင်ဖြစ်နေတော့သည် .. ကိုယ့်အခန်းထဲကအတန်းဖော်များနှင့်သာမက တစ်ကျောင်းလုံးရှိကျောင်းသူကျောင်းသားများနှင့် လိုက်လျောညီထွေစွာပေါင်းနိုင်သောကိုယ့်အတွက် သူငယ်ချင်းမရှား .. ကျောင်းရဲ့ Activities များအတွက် တစ်ခန်းဝင်တစ်ခန်းထွက် ခဏခဏစည်းရုံးရေးဆင်းနေရသဖြင့် ကိုယ့်ကိုမသိသူဆိုတာလည်း မရှိကြပေ ..

Batch အသစ်မှကလေးများနဲ့သာ အနည်းငယ်စိမ်းနေလိမ့်မည် .. ဒါကလည်း အခု Welcome လုပ်လိုက်ရင် အားလုံးနဲ့ ရင်းနှီးသွားကြလိမ့်မယ်ဟု တွေးလိုက်ပြီး ကျောင်းသားခေါင်းဆောင်များ Meeting လုပ်ရန် Meeting Room ရှိရာသို့ ကျွန်တော် ဆင်းလာခဲ့လိုက်သည် ..

Meeting Room ထဲရောက်သည့်အချိန်တွင် လူမစုံသေးသဖြင့် ချောင်ကျသောနေရာတစ်ခုမှာဝင်ထိုင်ပြီး လူစုံအောင်စောင့်ရင်း အခန်းအခြေအနေကို တစ်ချက်ကြည့်လိုက်သည် .. Senior EC တစ်ချိူ့ရောက်နှင့်နေပြီဖြစ်သော်လည်း အငယ်တန်းများမှ EC များ ရောက်မလာသေးသဖြင့် စောင့်ရပေဦးမည် .. အငယ်တွေဖြစ်ပြီး အချိန်မလေးစားဘူးဟုဆိုကာတွေးနေသည့်အချိန်တွင် ကျောင်းသားတစ်ဦး တံခါးခေါက်ကာ အခန်းထဲဝင်လာသဖြင့် အားလုံးအာရုံက ထိုကျောင်းသားအပေါ်ရောက်သွားကြသည် ..

Junior and Me [Completed]Where stories live. Discover now