Part 10

4.5K 421 24
                                    

'ဘာလာလုပ်တာလဲ? ပြောတော့ အတန်းထဲကကောင်တွေနဲ့ သရဲကားကြည့်မလို့ဆို?'

'သရဲကားက ကြည့်ပြီးသွားပြီ .. အခုက တစ်နာရီတောင်ခွဲနေပြီဟာကို ..'

သူပြောမှ ကျွန်တော် သတိရပြီး နာရီကိုကြည့်မိတော့ နာရီက 1:36 ..

'ကျွန်တော့်ကို Bro စိတ်ကောက်နေတာဆို?'

'မကောက်ပါဘူး .. မင်းကို ဘယ်သူပြောတာလဲ?'

'မရူပါပြောပြတာ ..'

မရူပါကိုပြောပြထားတာကို ကျွန်တော်က မေ့နေသည် ..

သေစမ်း .. ငါ ဘယ်လိုပြန်ရွှီးရမလဲ?

'မကောက်ပါဘူး .. မင်းလည်း မင်းကောင်တွေခေါ်လို့ လိုက်သွားရတာပဲဥစ္စာကို .. ငါနားလည်ပါတယ် .. အေးဆေး .. ဘာမှမဖြစ်ဘူး'

'စိတ်မကောက်ဘူးဆိုရင် အာ့ဆို အခု ကျွန်တော်နဲ့ ကာတွန်းကားသွားကြည့်မယ် .. ထ'

'အာ .. တော်ပါပြီကွာ .. မကြည့်ချင်တော့ပါဘူး .. ကြည့်ချင်စိတ်လည်း မရှိတော့ဘူး ..'

'Bro က လုပ်ပြီဗျာ .. အဲ့လိုလုပ်တာတွေ ကျွန်တော်မကြိုက်ဘူးနော် .. ညီလေးကိုခင်ရင် လိုက်ခဲ့ဗျာ .. ဒါပဲ'

'ငါ တကယ် ကြည့်ချင်စိတ်မရှိတော့လို့ပါ မင်းသက်ရယ် .. ငါ တကယ်ပြောတာပါ ..'

'အစ်ကိုကလည်းဗျာ .. မနက်က အတန်းထဲကကောင်တွေက ဇွတ်ခေါ်လို့ ညီလေးက မလိုက်ရင် မကောင်းလို့ လိုက်သွားရတာပါဗျာ .. အစ်ကိုနဲ့ရုပ်ရှင်ကြည့်ဖို့ချိန်းထားတာကို ညီလေး မမေ့ပါဘူး .. တကယ်ပြောတာပါ ..'

သူက ပြောရင်း ကျွန်တော့်မျက်နှာရိပ်မျက်နှာကဲကို ကြည့်လိုက်သည် ..

ကျွန်တော်က ဘာမှပြန်မပြော ..

'အစ်ကိုစိတ်ဆိုးတော့မယ်ဆိုတာလည်း သိနေလို့ ရုပ်ရှင်ကြည့်ပြီးပြီးချင်း အစ်ကို့ဆီလာဖို့လုပ်တယ် .. အတန်းထဲကကောင်တွေက ထမင်းသွားစားရအောင်ခေါ်လို့ ကြာသွားတာ ..'

ကျွန်တော်က ဘာမှပြန်မပြော ..

'ထမင်းစားနေရင်းနဲ့တောင် မရူပါဆူတာ ခံလိုက်ရသေးတယ် .. အစ်ကို့ကိုစိတ်ဆိုးအောင်လုပ်လို့ဆိုပြီး ..'

Junior and Me [Completed]Where stories live. Discover now