Part 7

4.7K 460 28
                                    

'ဒီလိုပဲ အစ်မရေ .. သူက ကျွန်တော့်နားကို အဲ့လို ကပ်ကပ်လာတာ .. ခက်တာက ကျွန်တော်ကလည်း သူ့ကို ခုထိ မယုံရဲဖြစ်နေတာ ..'

မနက်ခင်းပိုင်း မရူပါကို ကားဂိတ်မှာ သွားကြိုပေးအပြီး မနက်စာ ရှမ်းခေါက်ဆွဲဝင်စားရင်း သူ့အကြောင်းကို မရူပါကို ပြောပြနေခြင်းဖြစ်သည် ..

'နင်ပြောတဲ့ပုံစံအရဆိုရင်တော့ ကောင်လေးက နင့်ကိုကြိုက်နေတာပဲ .. သိလား? ဒါပေမယ့် အစ်မက သူနဲ့မတွေ့ရသေးတော့ သူဘယ်လိုလူလဲဆိုတာ အကဲခတ်ရ ခက်နေတယ် ..'

သူနဲ့မရူပါနဲ့ပေးတွေ့ဖို့စီစဉ်ထားတာကို ကျွန်တော် သတိရသွားပြီး ..

'သူ့ကို ကျွန်တော် အစ်မနဲ့မိတ်ဆက်ပေးမယ်လို့ ပြောထားတယ် .. အစ်မ ဘယ်ချိန်အားလဲ?'

'အစ်မက အားပါတယ် .. အခု အိမ်ပြန် အထုတ်တွေဘာညာ ထားလိုက်ဦးမယ်လေ .. ညနေလောက် အစ်မ မန်းလေးတောင်တက်ချင်တယ် .. အဲ့ကျ သူ့ကိုပါ ခေါ်လာခဲ့လိုက်ပေါ့'

မိတ်ဆက်ပေးဖို့အစီအစဉ်က အဆင်ပြေသွားတဲ့အတွက် သူ့ကိုပြောပြရန် ကျွန်တော့် Ph ကို ဖွင့်လိုက်သည် .. သူ Online ရှိနေတော့ Ph ဆက်မပြောတော့ပဲ Messenger ကနေသာ သူ့ကို Msg လှမ်းပို့လိုက်သည် ..

'ညီလေး .. မရူပါနဲ့ မိတ်ဆက်ပေးမယ် .. မရူပါက ညနေ မန်းလေးတောင်တက်ချင်တယ်ဆိုလို့ ညနေ ငါတို့မန်းလေးတောင်တက်ရင် မင်းပါ လိုက်ခဲ့လိုက်လေ ..'

သူ့ဘက်ကနေ Seen ဖြစ်သွားသည် .. Reply တော့ ချက်ချင်းရောက်မလာ .. အလုပ်ရှုပ်နေလို့နေမှာပါလေဟု တွေးကာ မနက်စာ ရှင်းပြီး မရူပါကို အိမ်လိုက်ပို့ပေးလိုက်သည် ..

လူက မနက်အစောထထားရသဖြင့် အိပ်ချင်နေသည် .. Plan တွေကလည်း ညနေမှမို့လို့ အိမ်ပြန်အိပ်လိုက်ဦးမယ်လို့တွေးကာ တခြားဘယ်မှဝင်မနေတော့ပဲ အိမ်ကိုသာ တန်းပြန်လိုက်တော့သည် ..

ပြန်နိုးလာတဲ့အချိန် နာရီကြည့်လိုက်တော့ 11:47 .. နိုးနိုးချင်း မင်းသက်နောင်ကိုသတိရသောကြောင့် Messenger ထဲ ဝင်ကြည့်လိုက်သည် .. ပို့ထားတဲ့ Msg က Seen ဖြစ်နေပေမယ့် အခုချိန်ထိ Reply ရောက်မလာသေး ..

လူက နည်းနည်းတင်းသွားသည် .. ကျွန်တော် Msg ပို့ထားတာကို Reply မလုပ်တာလောက် စိတ်တိုတာမရှိ .. ဒါကိုလည်း သူ သိသည် .. သိသိရက်နဲ့လည်း တစ်ခါတစ်လေ သူက Msg ကို ဝင်ဖတ်ပြီး Reply ပြန်ဖို့ မေ့နေတတ်သည် .. အဲ့ချိန်တွေဆိုရင် သူနဲ့ကျွန်တော် စကားများရပြီ ..

Junior and Me [Completed]Where stories live. Discover now