Min Thet's Diary (Bonus Chapter)

6.4K 426 61
                                    

Junior and Me ကိုဖတ်တဲ့သူတွေ 1K ပြည့်အမှတ်တရ မင်းသက်နောင်ရဲ့ Point of View လေး တင်ပေးလိုက်ပါတယ်ဗျ 🤓 မရေးတတ်ရေးတတ်နဲ့ရေးထားတာမို့ ဖတ်ရတာအဆင်မပြေရင် ခွင့်လွှတ်ပေးပါလို့ ကြိုပြောထားပါရစေ 😬

-------------------------------------------------------

Sep 30th, 2016

Dear Diary,
ဒီနေ့ Meeting Room ထဲမှာ ခင်ဖို့ကောင်းတဲ့အစ်ကိုတစ်ယောက်နဲ့ တွေ့ခဲ့ရတယ် .. ငါက EC အားလုံးထဲမှာ အငယ်ဆုံးမို့လို့ Senior အစ်ကိုကြီးတွေအစ်မကြီးတွေနဲ့လည်း သိပ်မခင်သေးတာမို့ အခန်းထဲကိုစဝင်လာရကတည်းက လန့်နေရတာကွာ .. တစ်ခုခုဆို စကားပြောမှားမှာစိုးလို့ မနည်းထိန်းပြောနေရတာ ..

အဲ့မှာ ငါ့အတန်းထဲကကောင်တွေက ဒီနှစ် Welcome အတွက်ကို ပြဇာတ်ကချင်တယ်လို့ပြောလို့ ငါတို့ Batch 13 က ပြဇာတ်ကပါမယ်ဆိုပြီး Seniors ကြီးတွေကိုပြောပြတော့ ငါ့ရှေ့တည့်တည့်မှာထိုင်နေတဲ့အစ်ကိုက သူ မနှစ်က ပြဇာတ်ကဖူးခဲ့တာမို့ သူ ငါတို့ကို ကူညီပေးမယ်လို့ထပြောရော .. အဲ့အစ်ကိုတစ်ယောက်ပဲ ငါ့ကို ဒီနေ့ အရေးတယူစကားပြောတယ်ကွာ .. သူက နှစ်နှစ်ဆက်တိုက် ကျောင်းပွဲအတွက် ပြဇာတ်ကတဲ့အထဲပါခဲ့ဖူးတာမို့လို့ Junior ဖြစ်တဲ့ငါ့ကို ကူညီပေးပါ့မယ်တဲ့ .. သူ့အတွက် အပန်းမကြီးပါဘူးတဲ့ ..

နောက်တော့ Meeting ပြီးတော့ သူက ငါ့ဆီလာပြီး Ph Number တောင်းသွားတယ် .. ပြဇာတ်ကိစ္စအတွက်လိုတာရှိရင် ပြောပါဆိုပြီးလည်း ပြောသွားတယ် .. သူ ငါ့ဆီထလာတဲ့အချိန်တုန်းကဆို ငါ လန့်ပြီး လက်တွေတောင်တုန်နေတာကွာ .. ဒါပေမယ့် သူငါ့နားရောက်လာတော့ ဘာလို့မှန်းမသိဘူး ဟိုးအရင်ကတည်းကသိလာတဲ့အစ်ကိုတစ်ယောက်လိုမျိူး ခံစားရတယ် .. သူ ငါ့ကို ပြုံးပြလိုက်လို့ပဲ ရင်းနှီးတယ်လို့ခံစားရတာလားတော့ မပြောတတ် ..

ငါ့ဘေးနားက Senior အစ်မတစ်ယောက်ကိုမေးကြည့်တော့ သူ့နာမည်က 'ကိုဇွဲထက်သစ်' တဲ့ .. Batch 2 အတန်းကတဲ့ .. ကျောင်းရဲ့ Senior အကျဆုံးအစ်ကိုတွေထဲက တစ်ယောက်ဆိုပဲ .. လူတိုင်းနဲ့အဆင်ပြေအောင်ပေါင်းတတ်တဲ့ Social ကျတဲ့သူတစ်ယောက်တဲ့ .. သူ့အတန်းထဲကသူတွေနဲ့တင်မဟုတ်ပဲ အငယ်တန်းကသူတွေနဲ့ရော ဆရာဆရာမတွေနဲ့ပါ အဆင်ပြေအောင်ပေါင်းတတ်လို့ ကျောင်းက တစ်ခုခုဆို သူ့ကိုအားကိုးတာများတယ်တဲ့ ..

Junior and Me [Completed]Where stories live. Discover now