Part 4

5.6K 511 31
                                    

ညနေကျောင်းဆင်းတော့ သူ့ဆီကို Ph ဆက်ကြည့်သည် .. Ph က မအား .. Busy ဖြစ်နေသည် .. 3 ခါလောက်ဆက်တာကို Ph မဝင်သဖြင့် စိတ်တိုလာပြီး ပြန်တော့မယ်လုပ်နေချိန်တွင် ကျွန်တော့်အခန်းရှေ့သို့ သူရောက်လာသည် ..

'အမေနဲ့ ပြောနေလို့ Ph က Busy ဖြစ်နေတာ .. ဟီး'

ကျွန်တော်က ဘာမှပြန်မပြောပဲ ခေါင်းသာ ငြိမ့်ပြလိုက်သည် ..

သူက ကျွန်တော့်ရှေ့ကိုရောက်လာပြီး ..

'Bro .. စိတ်ဆိုးသွားတာလား?'

ကျွန်တော်က သူ့ကိုမော့မကြည့်ပဲ စကားပြန်ပြောလိုက်သည် ..

'စိတ်မဆိုးပါဘူး .. မုန့်သွားစားမယ်ဆို? ဘယ်ဆိုင်သွားမှာလဲ?'

သူက ကျွန်တော့်ရှေ့တည့်တည့်ကခုံတွင် ထိုင်ချလိုက်ပြီး ကျွန်တော့်မျက်နှာကို တည့်တည့်ကြည့်ကာ ..

'စိတ်မဆိုးဘူးဆိုရင် Bro မျက်နှာကြီးကို အဲ့လိုကြီးမနေနဲ့လေဗျာ .. အခု ကျွန်တော်က Bro ကိုကြည့်ပြီး ဘယ်လိုနေရမှန်းမသိတော့ဘူး ..'

သူက မျက်နှာငယ်လေးနှင့် အဲ့လိုလာပြောတော့လည်း ကျွန်တော်က သူ့ကို သနားသွားပြီး ..

'တကယ် စိတ်မဆိုးပါဘူးကွာ .. ဗိုက်ဆာနေလို့ ငါ့မျက်နှာက ဒီလိုဖြစ်နေတာပါ .. ဟုတ်ပြီလား?'

ကျွန်တော့်စကားကိုကြားတော့မှ သူလည်း ပြန်ပြုံးပြပြီး ကျွန်တော်လွယ်အိတ်သိမ်းနေတာကို ကူသိမ်းပေးရင်း ..

'အာ့ဆိုလည်း ပြီးတာပဲ .. အခု ဘယ်ဆိုင်သွားမလဲ?'

'မသိဘူးလေ .. မင်းပဲ ဆိုင်ရွေးလိုက်'

'Bro ရွေးလိုက် .. Bro ရွေးတဲ့နောက် ကျွန်တော်သွားမယ်'

သူပြောမှ ကျွန်တော်တောင် ဘယ်ဆိုင်သွားရမှန်းမသိ ဖြစ်သွားသည် .. နောက်မှ Pizza ကောင်းသော Raymond's Food Cottage ကို သတိရမိသွားပြီး ..

'Pizza စားမလား? ငါ အခု Pizza ဆိုင်သေးသေးလေးတစ်ခု တွေ့ထားတယ်'

'သွားမယ်လေ ..'

ဆိုင်ကိုရောက်တော့ ကျွန်တော်က ကျွန်တော်စားချင်နေသော Strawberry Pizza Extra Cheese ကို မှာလိုက်သည် .. သူက ကျွန်တော်မှာတာကိုကြည့်ပြီး ရယ်ကာ ..

Junior and Me [Completed]Where stories live. Discover now