Part 14

4.6K 397 11
                                    

ခန်းမတစ်ခုလုံး လက်ခုပ်သံများ အားပေးသံများ ရယ်သံများနဲ့ ပြည့်နေသည် .. မင်းသက်ရဲ့ Dialogue များကို ကြိုသိနေသောကျွန်တော်ကိုယ်တိုင်ပင် တစ်ခါတစ်လေ လိုက်ရယ်နေမိလိုက်သည် .. စင်ပေါ်မတက်ခင်က ကြောက်နေပေမယ့် စင်ပေါ်ရောက်သွားတဲ့အခါ သူ့ဟာနဲ့သူအဆင်ပြေသွားတဲ့ ကျွန်တော့် Crush ကလေးကို စင်အောက်ကနေ ဓာတ်ပုံတွေရိုက်ပေးနေရင်း ကျွန်တော်လည်း တစ်ယောက်ထဲ ပီတိတွေဖြာနေသည် 🤣

မင်းသက်တို့အဖွဲ့ စင်ပေါ်ကနေဆင်းတော့ ကျွန်တော်လည်း စင်နောက်ကို အပြေးလိုက်သွားပြီး ..

'မင်းသက် .. ဟေ့ရောင် .. ခန်းမတစ်ခုလုံးကလူတွေအကုန် မင်းတို့ပြဇာတ်ကို သဘောကျနေကြတာ သိလား? ဆရာတွေကအစ တဝါးဝါးနဲ့ ရယ်နေကြတာ .. ကျောင်းအုပ်ကြီးကလည်း မင်းတို့အဖွဲ့အတွက်ဆိုပြီး ဆုငွေသုံးသိန်း ဆုချသွားတယ်ဗျ'

'ဟုတ်လား? ကျွန်တော်က စင်ပေါ်မှာ ကြောက်လွန်းလို့ ဒူးတွေတောင်တုန်နေတာ .. ပရိတ်သတ်ဘက်ကိုတောင် လှည့်မကြည့်ဘူး .. ကိုယ့်ဖာသာ ကိုယ့်လူတွေနဲ့ကိုယ်ပဲ အာရုံထဲ ထည့်ထားတာ'

သူပြောတာကို ကျွန်တော် သဘောကျသွားပြီး ရယ်မိသွားသည် .. ကျွန်တော်ရယ်တော့ သူက ကျွန်တော့်ကိုကြည့်ပြီး သူလုပ်နေကျပုံစံလေးအတိုင်း ကျွန်တော့်ကို လျှာထုတ်ပြောင်ပြသည် 🤪

အဲ့လိုပုံစံလေးတွေကြောင့်ပဲ ကျွန်တော်ကလည်း သူ့ကို အရူးအမူးချစ်မိနေခြင်း .. သူ့ရဲ့ဘေးမှာ သူ့သူငယ်ချင်းများက သူနဲ့အတူ ဓာတ်ပုံရိုက်နေကြသည် .. သူပျော်နေတာကို တွေ့ရပြီး ကျွန်တော်က ပိုပျော်နေရသည် .. ဘာမှမဆိုင်မှန်းသိပေမယ့် စိတ်ညစ်စရာတွေကို မေ့ထားနိုင်ပြီး အခုလိုပျော်နေသောသူ့ကိုတွေ့ရတာ ကျွန်တော် စိတ်ချမ်းသာသည် ..

'Bro .. လာ .. ကျွန်တော်နဲ့ ဓာတ်ပုံရိုက်ရအောင်'

သူခေါ်တော့မှ ကျွန်တော်လည်း သူ့ဘေးနားသွားပြီး သူ့ Ph ကို ပြန်ပေးလိုက်သည် ..

'ပုံတွေအများကြီးရိုက်ပေးထားတယ် သိလား?'

'ကျေးဇူး Bro'

သူက အပြုံးလေးနဲ့ ပြန်ဖြေသည် .. ကျွန်တော်တို့နှစ်ယောက်ကို ဓာတ်ပုံရိုက်ပေးရန် သူက သူ့သူငယ်ချင်းတစ်ယောက်ကို ခေါ်လိုက်ပြီး သူ့ Ph ပေးဖို့လုပ်တော့ ကျွန်တော်က သူ့ကို ကျွန်တော့် Ph ပါ ပေးလိုက်ပြီး ..

Junior and Me [Completed]Where stories live. Discover now