Part 5

5K 477 36
                                    

စာသာလုပ်နေရပေမယ့် စာထဲ စိတ်မပါ ..

'ညရောက်မှ Welcome နဲ့ပတ်သက်ပြီး ကျွန်တော်သိချင်တာတွေကို ထပ်မေးတော့မယ်နော်' ဆိုတဲ့သူ့စကားကြောင့် လူက ရွပိုးထိုးနေသည် ..

Ph ထဲကို ဘယ်အချိန် Msg ဝင်လာမလဲဆိုတာကို မျှော်ရလွန်းလှသဖြင့် လူလည်း သစ်ကုလားအုတ်ဖြစ်တော့မည် ..

'ဒီကောင် တကယ်ပဲအိပ်ပျော်နေတာလား?'

11 ခွဲလောက်ထိ Msg ဝင်မလာသဖြင့် မမျှော်တော့ပါဘူးဟု စိတ်ဆုံးဖြတ်ချက်ချလိုက်ပြီး စာလုပ်ရတာလည်း စိတ်မပါတော့သဖြင့် အိပ်ဖို့သာ ပြင်လိုက်တော့သည် ...

.

.

.

.

.

.

.

.

.

.

.

'တီ တီ တီ .. တီ တီ တီ .. တီ တီ တီ'

အိပ်ပျော်နေရာမှ Ph Call တစ်ခုဝင်လာသံကြားသဖြင့် လူက အိပ်ချင်မူးတူးနှင့် နိုးလာသည် .. နာရီကိုကြည့်လိုက်တော့ 12:20 .. ဘယ်သူတောင်းစားက ဒီအချိန်ကြီးမှ Ph လာခေါ်နေပါလိမ့်? ZZzzz ZZzz ZZzzz

Contact ကို ကြည့်လိုက်တော့ 'မင်းသက်နောင်..'

'အေး .. ပြော .. ဘာလဲ?'

လူက အိပ်ချင်မူးတူးဖြစ်နေသဖြင့် စိတ်ကနည်းနည်းတိုနေသည် ..

'အိပ်ပျော်နေပြီလား Bro? Sorry ပါဗျာ .. ကျွန်တော် WeChat ကရော Messenger ကရော Msg ပို့သေးတယ် .. Bro ဆီက Reply မလာလို့ Ph ခေါ်ကြည့်လိုက်တာ ..'

'အိပ်တော့ အိပ်နေပြီ .. ဒါပေမယ့် ... ထားပါ .. ပြော .. အခု ဘာဖြစ်လို့လဲ?'

'ဟိုဟာလေ .. ဟီး .. အစ်ကိုတို့ကိုမနှစ်ကပြဇာတ်အတွက် ဇာတ်လမ်းရေးပေးခဲ့တဲ့ဆရာရဲ့ Ph No သိချင်လို့ .. ဟီး ..'

ကျွန်တော် နည်းနည်းတော့တင်းသွားသည် ..

'မင်းသက်နောင်ရယ် .. ငါ့မှာ ဘာများဖြစ်လို့လဲလို့ .. ဆရာ့ Ph No တောင်းတာ မနက်မှတောင်းလည်း ရနေတာပဲကို .. အလကား အိပ်နေတဲ့သူကိုလာနှိုးနေတယ်'

Junior and Me [Completed]Where stories live. Discover now