Part 11

4.5K 410 20
                                    

'အစ်ကို .. မနက်ဖြန်ရောက်ရင် ညီလေးတို့ပြဇာတ်အတွက် မှုတ်ဆေး Spray ဘူး အနက်ရောင်လိုတာ .. အဲ့ဒါ လိုက်ရှာကူဝယ်ပေးဦး'

ရုပ်ရှင်ကြည့်ပြီးတော့ နှစ်ယောက်လုံး ဗိုက်ဆာနေလို့ သူ့အိမ်နားကပတ္တမြားကြေးအိုးဆိုင်တွင် ကြေးအိုးဆီချက်အတူတူစားနေရင်း သူက သူ့ပြဇာတ်အကြောင်းကို ရုတ်တရက်သတိရသွားပြီး ကျွန်တော့်ကို လှမ်းသတိပေးလိုက်သည် ..

သူသတိပေးမှ ကျောင်း Fresher Welcome ရက်နီးလာတာကို သတိရသွားပြီး ကိုယ်ဦးဆောင်လုပ်ပေးရမည့် ဝေရာဝစ္စများအကြောင်းကိုပါ တွေးမိသွားသည် ..

'အေးပါ .. အစ်ကိုလည်း အစ်ကိုတို့အဖွဲ့ အငြိမ့်ကဖို့အတွက်ကို လူရွှင်တော်ဝတ်စုံတွေ သွားယူဖို့ရှိသေးတယ် .. အဲ့ဒါတွေသွားယူပြီးရင် ညီလေးလိုတဲ့ဟာ လိုက်ဝယ်ပေးမယ်'

သူက ကြေးအိုးဆီချက်ငုံ့စားနေရင်းကနေ ကျွန်တော့်ကို ချက်ချင်းမော့ကြည့်ပြီး ..

'Spray ဘူးတွေ အရင်လိုက်ဝယ်ပေးလေဗျာ .. ညီလေးတို့က ဆေးဘူးတွေရရင် ကတ်ပြားတွေကို လိုအပ်တဲ့ပုံ ညှပ်ကိုက်ပြီး ဆေးမှုတ်ရဦးမှာ, ဆေးအခြောက်ခံရဦးမှာ .. အစ်ကို့ဟာက ဝတ်စုံတွေသွားယူရုံပဲဟာကို .. ကိုယ့်ညီလေးကို ဦးစားမပေးဘူးလား? ကျွန်တော် စိတ်ကောက်ပစ်လိုက်မှာနော် 😪'

'အမလေး .. မောင်မင်ကြီးသားရယ် .. အရင်လိုက်ဝယ်ပေးဆို အရင်လိုက်ဝယ်ပေးပါ့မယ် .. စိတ်တော့မကောက်လိုက်ပါနဲ့ .. မင်းစိတ်ကောက်ရင် ငါလည်းမနေတတ်လို့ပါ ..'

'ပြီးတာပဲ 😪'

သူ့ကို ကျွန်တော် ချစ်မိသွားပြီဆိုတာကိုသိလိုက်ရပြီးနောက်ပိုင်း သူတစ်ခုခုဖြစ်မှာကိုပဲကြောက်နေရသဖြင့် သူ့ကို ကျွန်တော်က အမြဲအလိုလိုက်ပေးနေရသည် ..

သူစိတ်ချမ်းသာနေရင် ဘာမှသိပ်မဖြစ် .. သူဝမ်းနည်းနေပြီဆိုရင် ကျွန်တော်က သူ့ထပ်နှစ်ဆ ပိုဝမ်းနည်းရသည် .. သူဝမ်းနည်းနေတာကို ကျွန်တော့်ဘက်က ဘာမှလုပ်မပေးနိုင်ရင် ကမ္ဘာပျက်မတတ် ခံစားရသည် ..

ဒါကြောင့်မို့ သူဝမ်းမနည်းရအောင် သူစိတ်မကောက်အောင် နေနေရပြီး သူစိတ်ချမ်းသာနေရအောင် အမြဲတွေးပေးနေရသည် ..

Junior and Me [Completed]Where stories live. Discover now