Part 8

4.6K 450 29
                                    

'Bro ..'

ကျွန်တော်က သူ့ကိုလှည့်သာကြည့်လိုက်ပြီး ဘာမှပြန်မပြော ..

သူ့ပုံစံက ကျွန်တော်စိတ်ဆိုးနေတာကိုသိနေပေမယ့် ဘယ်လိုချော့ရမှန်းမသိနေသောပုံစံ .. ဘာဆက်ပြောရမှန်းမသိဖြစ်နေတဲ့အချိန် ကားပေါ်က မရူပါဆင်းလာတာကိုကြည့်လိုက်ပြီး ..

'ကျွန်တော့်ကို မရူပါနဲ့ မိတ်ဆက်ပေးမှာဆို?'

ကျွန်တော်က သူ့ကိုမကြည့်ပဲ မရူပါကိုသာကြည့်ပြီးသာ မိတ်ဆက်ပေးလိုက်သည် ..

'အစ်မ .. ဒါ မင်းသက်နောင် ... မင်းသက် .. ဒါ မရူပါ'

မနေနိုင်တော့ ကြားထဲက မရူပါက ဝင်ပြီး ဖြန်ဖြေပေးရသည် ..

'မောင်လေးကို သူ စိတ်ကောက်နေတာ သိလား .. ချော့လိုက်ဦး ..'

သူက ခေါင်းညိတ်လိုက်ပြီး ကျွန်တော့်ကိုကြည့်ကာ ဆက်ပြောသည် ..

'ဘာတွေစိတ်ဆိုးနေတာလဲ Bro ရယ် .. မန်းလေးတောင်လာခဲ့ဆိုလို့ အခု ကျွန်တော် မန်းလေးတောင်ရောက်လာပြီပဲဟာကို'

ကျွန်တော်က ဘာမှပြန်မပြော ..

သူကလည်း ကျွန်တော်ဘာမှပြန်မပြောတော့ ဘာဖြစ်နေမှန်းမသိပဲ ချော့ရခက်နေသည် ..

'စိတ်မဆိုးပါနဲ့တော့ အစ်ကိုရယ် .. နော် .. ဒီမှာ အစ်ကိုစိတ်ဆိုးနေရင် မရူပါကို အားနာစရာကြီး .. အစ်ကိုခေါ်လာပြီးတော့ ဒီလိုကြီးစကားမပြောပဲနေနေရင် မရူပါက ဘယ်လိုနေရမှာလဲ? စိတ်မဆိုးပါနဲ့တော့ဗျာ .. နော်'

ကျွန်တော်က ဘာမှပြန်မပြော ..

'လာလေ .. မန်းလေးတောင်တက်မှာမလား? သွားမယ်လေ .. ညီလေးနဲ့တူတူတက်မယ် ..'

သူက ကျွန်တော့်ဘေးရောက်လာပေမယ့် ကျွန်တော်က သူ့ကိုရှောင်ပြီး တစ်ယောက်ထဲ လှေကားဆီလျှောက်သွားလိုက်သည် .. မရူပါက နောက်ကလိုက်လာပြီး မင်းသက်တစ်ယောက်ထဲသာ နောက်မှာကျန်ခဲ့လေသည် ..

'ဟဲ့ .. နင်ကလည်း .. ခေါ်လိုက်လေဟာ .. ဟိုမှာ တစ်ယောက်ထဲကျန်ခဲ့ပြီ .. သနားပါတယ် ..'

မရူပါလာပြောတာကိုလည်း ကျွန်တော် ဘာမှပြန်မပြော ..

ကြာတော့ မရူပါက မနေနိုင်တော့ပဲ မင်းသက်နောင်ကိုလှမ်းခေါ်လိုက်သည် ..

Junior and Me [Completed]Where stories live. Discover now