Part 2

8.1K 575 24
                                    

WeChat ကဝင်လာသော Msg ကြောင့် ရင်အခုန်လွန်ပြီး ထအော်မိလိုက်သည် .. စိတ်ချင်းတွေဆက်နေတာပါလားလို့တောင် မဆီမဆိုင်တွေ တွေးပလိုက်မိသည် .. နောက်မှ စိတ်ကိုတည်ငြိမ်အောင်ပြန်လုပ်ပြီး သူ့ Msg ကို Reply ပြန်လိုက်သည် ..

'ဟ ဟ .. အေးပါကွာ .. ငါတောင် သတိမထားမိဘူး'

'hee hee ..'

'မအိပ်သေးဘူးလား? 12 တောင်ထိုးတော့မယ်ကို'

'မအိပ်သေးဘူးဗျ .. Game ဆော့နေတာ .. Bro ကရော?'

'ဒီလိုပါပဲ .. Fb သုံးရင်း ဟိုကြည့် ဒီကြည့် ..'

'ကျွန်တော်နဲ့အတူ Game လာဆော့ကြည့်ပါလား? Online Game .. ဆော့လို့ကောင်းတယ် .. Ph နဲ့ ဆော့ရတာ'

'ဟုတ်လား? ဆော့ကြည့်မယ်လေ Game နာမည်က?'

'Vainglory'

ကိုယ်ရင်ခုန်ရသောသူတစ်ယောက်နှင့်ရင်းနှီးဖို့အခွင့်အရေးက ဒီ Game လေးပေါ်မှာ မူတည်နေသဖြင့် မဆော့တတ်ဆော့တတ်နှင့် ရအောင်ဆော့မည်ဟု သံန္နိဌာန်ချလိုက်ပြီး Ph ထဲသို့ Vainglory Download ဆွဲလိုက်သည် ..

ဂိမ်းက Multiplayer Online Battle ပုံစံမျိူး .. Players များ Fight နေသော Battle များကို ကိုယ့်စိတ်ကြိုက်ဝင်ရွေးကာ Join ပြီး ကူ Fight ပေးနိုင်သော Feature ပါသဖြင့် ညရောက်နေသော်လည်း Online ဖြစ်နေသော Battle များကို အများကြီးတွေ့နေရသည် ..

ကျွန်တော်လည်း မင်းသက်နောင်၏ Acc ကို လိုက်ရှာပြီး သူ Fight နေသော Battle ကို ဝင် Join ကာ ကူ Fight ပေးလိုက်သည် .. ဒါပေမယ့် ကျွန်တော်က အခုမှစဆော့ဖူးတဲ့သူဆိုတော့ ကျွန်တော့်ဘက်မှ Player များက ခဏလေးနှင့်သေသွားပြီး မင်းသက်နောင်ဘက်မှ Players များကပါ အကူ Players များ မရှိတော့သောကြောင့် ခဏလေးနှင့်သေသွားကြလေသည် ..

'Sorry ငါ့ညီ .. အစ်ကိုက အခုမှစဆော့တော့ သိပ်မဆော့တတ်သေးတာနဲ့တင် ခဏလေးနဲ့ သေသွားတယ် ..'

'အာ .. ရပါတယ် Bro ရာ .. အေးဆေး .. ကျွန်တော်လည်း တစ်ယောက်ထဲဆော့နေရတာ ပျင်းလို့ Bro ကို ခေါ်လိုက်တာ .. ကျွန်တော်စဆော့တုန်းကဆို Bro ထပ်တောင် ပိုဆိုးသေး ..'

'hee hee ..'

'ဒါနဲ့ Bro .. ကျောင်းက Server ပေါ်က Student's File ထဲက Zwe Htet Thit ဆိုတဲ့ Folder က Bro ရဲ့ Folder ဆို? ကျွန်တော်တို့ဆရာမ ပြောပြတာ .. အဲ့ Folder ထဲမှာ ရုပ်ရှင်ကားတွေရော Series တွေရော အများကြီးပဲတဲ့ .. ဆရာမမိတ်ဆက်ပေးတာနဲ့တင် Bro ရဲ့ Folder က ကျွန်တော်တို့အခန်းထဲမှာ Popular ဖြစ်နေတယ် .. ကျွန်တော်ဆို ပျင်းတိုင်း Bro ရဲ့ Folder ထဲကဇာတ်ကားတွေ ယူကြည့်နေတာ ..'

Junior and Me [Completed]Where stories live. Discover now