Part 9

4.7K 423 27
                                    

'အေးပါကွာ ... ဟေ့ရောင် .. ဒီမှာ ကြည့် .. ငါကြည့်ချင်တဲ့ကာတွန်းကား 'Storks' က JCGV မှာလည်း မတင်ဘူး .. Diamond မှာလည်း မတင်ဘူးတဲ့ .. Mega Ace ဆိုတဲ့ရုပ်ရှင်ရုံတစ်ရုံထဲမှာပဲ တင်မှာတဲ့ .. လဖွတ်ပါကွာ'

'Mega Ace ဆိုတာ မြို့ဂုဏ်ရောင်ကိုပြောတာမလား Bro? မြို့ဂုဏ်ရောင်ဆိုရင် အဲ့ဒါ ကျွန်တော့်အိမ်နားလေးတင်ပဲ .. Bro ကြည့်ချင်တယ်ဆိုရင် ကျွန်တော်တို့သွားကြည့်ကြမယ်လေ ..'

ကျွန်တော်က ကာတွန်းကားသည်းခြေကြိုက်သူတစ်ယောက် .. ခက်တာက ကျွန်တော့်သူငယ်ချင်းတွေက Action ကား, ဟာသကား or သရဲကားမဟုတ်ရင် မကြည့်ချင်ကြ .. ကာတွန်းကားရုံတင်လျှင် အမြဲ တစ်ယောက်ထဲသာ သွားကြည့်ရကြောင်း သူ့ကိုပြောပြနေရင်း အခု ကျွန်တော်ကြည့်ချင်နေသော ငှက်ကား 'Storks' ရုံတင်တော့မယ့်အကြောင်းကို သူ့ကိုပြောပြနေခြင်းဖြစ်သည် ..

အစကတော့ အရင်ကလို ဘယ်သူလိုက်လိုက်မလိုက်လိုက် ကိုယ်တစ်ယောက်ထဲသွားကြည့်မယ်လို့ ဆုံးဖြတ်ထားပေမယ့် တကယ်တမ်း သူလိုက်မယ်ဆိုတာကြားလိုက်ရတော့ လူက အူမြူးသွားသည် ..

'သောကြာနေ့ ရုံတင်မှာ .. ငါက သောကြာနေ့မနက် ပထမဆုံးပွဲသွားကြည့်မှာနော် .. ငါ့အကျင့်က အမြဲ 1st Day 1st Show ကြည့်ရမှ ကျေနပ်တာ .. အဲ့ဒါ ငါ့ Psycho ပဲ .. မင်းက တကယ်လိုက်ကြည့်မှာမို့လို့လား?'

'လိုက်ကြည့်ပါ့မယ် အစ်ကိုရယ် .. ညီလေး သောကြာနေ့မနက်ခင်းပိုင်း Tuto မရှိရင် လိုက်ကြည့်ပေးမယ်ဗျာ .. ဟုတ်ပြီလား?'

ကိုယ့် Crush လေးနဲ့ နှစ်ယောက်ထဲ ရုပ်ရှင်သွားကြည့်ရမည့်ကိစ္စက စဉ်းစားကြည့်လျှင် အူယားစရာပင် ..

အချစ်ကားတွေထဲကလို ပေါက်ပေါက်ဆုပ်တစ်ထုပ်ထဲကို နှစ်ယောက်အတူတူနှိုက်စားရင် လက်ကိုင်တဲ့အကွက်တွေထုတ်သုံးလိုက်မည်ဟု စိတ်ကူးယဉ်ကြည့်မိလိုက်သည် 🤣

ကြည့်မယ့်ကားက သရဲကားမဟုတ်တာ နာတာပဲ .. မဟုတ်ရင် သရဲပေါ်လာတဲ့အချိန် ကြောက်သလိုလိုနဲ့ ထဖက်တဲ့အကွက်တွေသုံးလို့ရတယ်ဟုတွေးနေပြီး တစ်ယောက်ထဲအရူးထနေသော ကိုယ့်အကြောင်းကိုယ်ပြန်တွေးကာ ရယ်ချင်မိသွားသည် 😂

Junior and Me [Completed]Where stories live. Discover now