Part 13

4.6K 406 15
                                    

Fresher Welcome ကျင်းပရန် နာရီဝက်အလို ..

ပွဲက ညနေ 6 နာရီမှ စမှာဆိုပေမယ့် လူက 3 နာရီလောက်ကတည်းက စ Run နေရသည် .. ကျွန်တော်တာဝန်ယူထားတာက ကျွန်တော်တို့ Senior အဖွဲ့တွေရဲ့ အငြိမ့်တစ်ခုထဲဖြစ်ပေမယ့် ကျွန်တော်နဲ့ပေါင်းဖြစ်နေသော အငယ်တန်းကလေးတွေကပါ ကျွန်တော့်ကိုအပူကပ်နေကြသောကြောင့် သူတို့အတွက်လိုအပ်တာတွေကိုပါ လိုက်လုပ်ပေးနေရသည် .. 3 နာရီလောက်ကတည်းက ဟိုလူ့ကို သွားခေါ်ပေးရ ဒီလူ့သွားခေါ်ပေးရ ဟိုလူလိုအပ်တာ သွားယူပေးရ ဒီလူလိုအပ်တာ သွားယူပေးရနဲ့ ညနေ 5 ခွဲလောက်မှ ပွဲကျင်းပမယ့် Hotel ခန်းမထဲကို လူက ခြေချရသည် ..

ခန်းမထဲရောက်ရောက်ချင်း ကျွန်တော့်မျက်လုံးက မင်းသက်နောင်ကို အရင်လိုက်ရှာမိသည် ..

မတွေ့ ..

Ph ခေါ်လိုက်တော့မှ Stage စင် အဝတ်လဲခန်းနောက်ထဲမှ ထွက်လာသည် .. Skinny Jean အနက်ရောင်နဲ့ အင်္ကျီလက်ရှည်အနက်ရောင်ကို မီးခိုးရောင်အကွက် Vest လေးထပ်ဝတ်ထားပြီး အထာကျနေသော မင်းသက်နောင် 🖤

သူက အသားဖြူတော့ ဝတ်ထားတဲ့အရောင်က သူအသားဖြူတာကို ပိုပေါ်လွင်အောင်လုပ်ပေးနေသလိုပင် ..

'ဟာ ညီလေး .. $ ရမ်းတွေချောနေတာ .. လူတွေတောင် မှားတယ်ကွာ'

'Bro .. ကျွန်တော် တအားတွေစိတ်လှုပ်ရှားနေတယ် .. စင်ပေါ်မှာ အမှားတစ်ခုခုလုပ်မိရင် ဘယ်လိုလုပ်မလဲ? ကြောက်တယ်ဗျာ..'

ကောင်လေးခမျာ တကယ်ကိုကြောက်နေရှာတဲ့ပုံစံ .. ကျွန်တော်နဲ့စကားပြောနေရင်းကို သူ့လက်တွေက တုန်နေသည် ..

မင်းသက်ကို အားပေးရန် ကျွန်တော်က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ပုခုံးကို ဖက်ကာ ..

'ဘာမှစိတ်ပူမနေနဲ့ မင်းသက်နောင် .. ဒီမှာ အစ်ကို့ကို ကြည့် .. အစ်ကို ရှေ့ဆုံးဝိုင်းကနေ ထိုင်နေမယ် .. တစ်ခုခုဆို မေ့သွားရင်ပဲဖြစ်ဖြစ် ကြောက်ပြီးလှုပ်မရတော့ဘူးပဲဖြစ်ဖြစ် အစ်ကို့ကို လှမ်းကြည့်လိုက် .. ညီလေးရဲ့ Dialogue တွေအကုန် အစ်ကိုသိနေတာပဲကို .. မေ့သွားရင် အောက်ကနေ လှမ်းထောက်ပေးမယ် .. Ok? ဘာမှစိတ်ပူမနေနဲ့ .. Fighting!!!'

Junior and Me [Completed]Where stories live. Discover now