"Zawgyi
မင်းရဲ့ဆွဲထားတဲ့ideaတွေသဘောကျတယ်တဲ့
မနက်ဖြန်သွားတွေ့လိုက် ဟွန်း''မဲ့ရွဲ့ပြီးပြောတဲ့အလုပ်ရှင်မိန်းမကြီးစကားကို
ပြန်ကြားယောင်မိသဖြင့်
တချက်ပြုံးမိသည်..။အရင်ကဆို
ခဲတဆွဲသမျှကိုဘာဖြစ်သလေး
ညာဖြစ်သလေးနဲ့ထိပ်ဆုံးကဝေဖန်သူ..အခုနာမည်ကြီးCEOကိုယ်တိုင်
သဘောကျတယ်ဆိုတော့..မလိုတမာရုပ်နဲ့..အမြဲလူကိုနှိမ်တဲ့ဘွားတော်ကြီး
ငါကောင်းစားမှပစ်ကိုထားဦးမယ်..။ဘွားတော်ကိုခပ်မဲ့မဲ့ပြန်ပြုံးပြရင်း
Manga ဖြန့်ဝေရေးစာအုပ်တိုက်ခွဲတွေပိုင်ရှင်
Companyရှိရာသို့
ပေစောင်းစောင်း ထွက်လာလိုက်သည်..။ပွယောင်းယောင်း ဆံပင်ကို
တံတွေးနဲ့အနည်းငယ်သပ်ချရင်း
ဂျင်းအပွအနွေးထည်ကြီးကိုဖုန်တချက်ခါလိုက်သည်ပင့်ကူတောင်ကပ်လို့!!
အို ပကာသနတွေပါလေ..
Companyအရောက်
အတွင်းရေးမှူးလှလှလေးလိုက်ပြတဲ့
CEOရုံးခန်းထဲဝင်လိုက်သည်..။ပတ်ပတ်လည် မှာချိတ်ထားတဲ့
ပန်းချီကားတွေတော်တော်များသား
သူလိုက်ကြည့်နေမိတော့
အတွင်းရေးမှူးမလေးက"CEOကိုယ်တိုင်ဆွဲထားတာတွေပါရှင့်''
ခဲတရှော့အကြီးကြီးရသွားသည်..။
တကယ့်proလက်ရာတွေမဟုတ်လား??"စောင့်ရတာကြာသွားတယ်နော်
စိတ်မဆိုးဘူးမလား''နက်ပြာရောင်ရှပ်လက်ရှည်ကို
ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားရင်း
အဖြူရောင် စတိုင်ပင်ကအရပ်ရှည်ရှည်နဲ့
ကြည့်ကောင်းလွန်းသည့်အခန်းထဲဝင်လာတဲ့သူဋ္ဌေးဆိုသူကြောင့်
လူက ဘာလုပ်ရမှန်းတောင်မသိအောင်ပင်..။ဘယ်လိုများ??
"ရို''
"မှတ်မိသေးလို့ဝမ်းသာပါရဲ့''
ယောင်ယမ်းကာ
မတ်တပ်ထရပ်မိတဲ့ခဲတကို
ကြည့်ကာ
မျက်နှာချင်းဆိုင် ခုံမှာဝင်ထိုင်ရင်း
လက်ကိုအသာလှမ်းဆွဲချသည်..။
YOU ARE READING
မာယာသီချင်းသည် (Sakura Dancing in the Rain)
General Fictionဆာကူရာဟာ မတည်မြဲမှန်းသိပါလျက် မြတ်နိုးခဲ့သူ ကိုယ့်အတွက် မင်းဟာ Japanese / Psychosis (Own Craetion)