နိဒါန်း

12.8K 854 25
                                    

သာမာန်နေ့ကလေး တစ်နေ့

ထိုနှစ်က သူတို့တွေ ကလေးသာသာရှိသေးသည်။ ထို့နောက်... ထိုနေ့က သူတို့ ဆုံခဲ့ကြသည်။

________

ငါ နိုးလာတော့...
မရင်းနှီးတဲ့ ရွက်ဖျင်မိုးကို ဝိုးတိုးဝါးတားတွေ့ရတယ်...
နောက်မှသတိရတယ် ... ငါ အပြင်ရောက်နေတာပဲ... ငါ့နန်းတွင်း အိပ်ဆောင်မှာ မဟုတ်ဘူးပဲ...
ငါ့ဘာသာငါ ဖြည်းဖြည်းထပြီး အဝတ်အစားလဲရင်း တွေးနေမိတယ်...
ရှီရှီ ဘယ်တွေသွားနေတာလဲ...
သူ့သခင်ဖြစ်တဲ့ ငါ့ကို မေ့ထားပြီးတော့....
အခန်းထဲမှာ ပြင်ဆင်ထားပြီးဖြစ်တဲ့ ရေသန့်နဲ့ ငါ့ဟာငါပဲ ကိုယ်လက်သန့်စင်လိုက်တယ်....
ငါ့လက်တွေခြောက်အောင်သုတ်ပြီးမှ အပြင်ထွက်မယ်...

တံခါးကို တွန်းဖွင့်လိုက်တော့.... နေရောင်တွေ တောက်ပစွာ ဖြာကျလာလို့ ငါ့မျက်လုံးတွေ မှေးလိုက်ရတယ်...
ဟိုဟိုသည်သည်လျှောက်ကြည့်ရအောင် ငါလည်း ထွက်လာလိုက်တယ်...

ရှီရှီ ငါ့ကို ပြောပြတာ မှတ်မိသေးတယ်... ဒီနေရာက ချီယွင်တောင် တဲ့...
ဘာဆိုဘာမှမရှိတဲ့ လွင်တီးခေါင်အလယ်က တောင်တဲ့..
၁၂ ရာသီလုံး ဒီတောင်မှာတေ့ နွေဦးပဲ...
တေးသီနေတဲ့ ငှက်ကလေးတွေ ... မွှေးပျံ့နေတဲ့ ပန်းကလေးတွေ... သာယာလှပတဲ့ ရှခင်းတွေနဲ့... အပန်းဖြေဖို့ သိပ်ကောင်းတဲ့ နေရာပေါ့...
အရေးကြီးတဲ့အချက်က... လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက သဘောတူညီမှုတစ်ခုရှိခဲ့တယ်... အဲ့ဒါ... ဒီတောင်ကို ဘယ်သူဘယ်ဝါကမှ မပိုင်သလို ဘယ်နိုင်ငံရဲ့ ပိုင်နက်ရယ်ဆိုပြီးတော့လည်း မဟုတ်ဘူးတဲ့...
ချီယွင်တောင်ဟာ ချီယွင်တောင်ပဲ...
သုံးပြည်ထောင် တော်ဝင်မိသားစုရဲ့ ဆွေတော်မျိုးတော်တွေ... မဟာမိတ်တွေ တွေ့ဆုံဖို့အတွက် ကန့်သတ်နယ်မြေပေါ့...

ငါ... မေးပွတ်ရင်း စဉ်းစားနေမိတယ်... ငါကရော ဘာလို့ ဒီခရီးသွားတဲ့ အုပ်စုထဲ ပါနေတာလဲ...
တကယ်ဆို ငါးနှစ်တစ်ကြိမ် ဧကရာဇ်သုံးပါး တွေ့ဆုံကြတာမှာ သမီးတော်တွေကို ခေါ်လာလေ့မရှိဘူး...

ဒီလို အထီးတွေစိုးမိုးတဲ့ ခေတ်ကာလမှာ သားတော်တွေသာ ဦးစားပေးခံရတာ... ဂုဏ်ယူစရာလို့ ယူဆကြတာ...
ငါ့ ဖခမည်းတော်မှာ သားတော်တစ်ပါးမှမရှိတော့... ပိုတောင်ဆိုးသေးတယ်...
အရိုက်အရာဆက်ခံမယ့်သားတော်မရှိတော့ သူက ငါ့အမွှာအစ်မတော် အန်းခက်ဇီ ကိုပဲ ဦးစားပေးအလေးထားတယ်....
ဒါပေါ့... ဒီလိုမျိုးအထူးခရီးစဉ်မှာ ငါ့အစ်မတော်ဟာ အထူးဦးစားပေးခံရသူဖြစ်လာတာပေါ့...
ငါရော ဘယ်လိုလုပ်ပြီး ပါလာတာလဲဆိုတော့... 
အဓိကက... ငါ့အစ်မတော်ကြောင့်ပဲ...
သူ့နှုတ်ခမ်းနီနီလေးတွေကို စူပြီး...
“ပျင်းစရာကြီး... ဘာလို့ သွားတဲ့လူတွေ အားလုံး ယောကျာ်းလေးတွေဖြစ်နေတာလဲ... ဖခမည်းတော်ရယ်... သမီးတော် အားလန်ကိုလည်း လိုက်စေချင်တယ်” လို့ ပြောလိုက်လို့...

လျို့ဝှက်​ချက်​ [လျှို့ဝှက်ချက်]Where stories live. Discover now