ရှေးကတည်းက တရုတ်လူမျိုးတွေ သူများကို တောင်းပန်ဖို့ဆိုရင်...
ညစာတစ်ဝိုင်း... ဒါမှ မဟုတ် ဖျော်ဖြေရေးတွေ၊ ပွဲလမ်းသဘင်တွေနဲ့ ဒကာခံ ဧည့်ဝတ်ပြုလေ့ရှိကြတယ်...
ဒါပေါ့... အမျိုးကောင်းသားကွမ်ဟာလည်း ဒီလိုလူတွေထဲ ပါတာပဲ...
ရင်းလုက ပြောတယ်။
အမျိုးကောင်းသားကွမ်က 'ကျန်းဝေ့'ဆိုတဲ့ဆိုင်မှာ မနက်ဖြန်တွေ့မယ်လို့ အချိန်းအချက်ပြုသတဲ့။
တောင်းပန်ဖို့အတွက် စားသောက်ပွဲကလေးပါတဲ့...ဒီလို ကြားရတော့ ငါ ကျေနပ်မိတယ်...
ကြားရတဲ့ စကားတွေအရတော့... ကွမ် အမျိုးကောင်းသားက စိတ်ရင်းမှန်တဲ့ ယောက်ျားကောင်းပေါ့။
ဒါပေမဲ့ စိတ်ရင်းမှန်ဆိုတာ ဘာလဲ...
မြင်လည်း မမြင်ရ... ထိတွေ့လို့လည်း မရတဲ့ စိတ္တဇနာမ်သက်သက်ပဲ...
လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာ တကယ့်စိတ်ရင်းမှန် ရှိ မရှိကို...
အသားတွေ အရေပြားတွေကို ဖောက်ထွင်းပြီး မြင်ရတာမှ မဟုတ်တာ...ဒီခေတ် ဒီအခါမှာ...
ငါတို့အားလုံး စိတ်ရင်း စေတနာအမှန်ဆိုတဲ့ဟာကြီးကို... မှန်ထဲက ပန်း၊ အိုင်ထဲက လရိပ်လို သဘောထားတာ အကောင်းဆုံးပဲ...။
မျှော်လင့်ချက်တွေ သိပ်မထားတာ အကောင်းဆုံးပဲ...။ဒီအမျိုးကောင်းသားကွမ် ရင်းလု သူ့ကို ကျသွားအောင် ကြံစည်နေတာ ငါ သဘောပေါက်သားပဲ...
ငါ သဘောမပေါက်တာက... နောက်နေ့မနက်မှာ သူ ငါ့ကို ဘာလို့ လာရှာတာလဲ...
အိမ်စေတွေ ဧည့်သည်တွေ့ရတဲ့အခန်းမှာ ငါ ထိုင်နေခဲ့တယ်။
စိတ်ထဲမှာတော့ ရှုပ်ထွေးနေမိတယ်...
တကယ်ကို ရှုပ်ထွေးနေမိတယ်..."အားလန်နော်..." အမျိုးကောင်းသားကွမ်ရဲ့ အပြုံးက အတော်ကို ရွှင်လန်းကြင်နာတတ်နေတာပဲ။
"မုန်းသခင်မလေး မင်းကို အဲ့သလို ခေါ်တာ ကျွန်တော်ကြားလိုက်တယ်... ဟုတ်ပါတယ်နော်"ငါတောင့်တောင့်ကြီး ခေါင်းညိတ်လိုက်မိတယ်...
"အာ...""အားလန်" အမျိုးကောင်းသားကွမ်ရဲ့ မျက်ဝန်းတွေထဲ အားနေနေတဲ့ဟန်နဲ့ အကြည့်တွေ တရိပ်ရိပ် ပြေးလာတယ်။
"ဟိုတစ်နေ့က ကိစ္စနဲ့ ပတ်သက်လို့... ကျွန်တော် လွန်သွားပါတယ်ဗျာ... ကျွန်တော်... တကယ်ကို... ရှက်မိပါတယ်ဗျာ..."
أنت تقرأ
လျို့ဝှက်ချက် [လျှို့ဝှက်ချက်]
أدب تاريخي[Zawgyi+Unicode] ငါဟာ မင်းသမီးတစ်ပါး... တိတိကျကျပြောရရင် ငါဟာ အရူးမင်းသမီး... ရွှေနန်းတော်ကြီးထဲမှာ မွေးဖွားလာတယ်ဆိုပေမယ့် ငါ့ရုပ်ငါ့ရည်ဟာ သာမန်ရွက်ကြမ်းရည်ကျိုလောက်ပဲ... ဆယ့်နှစ်ရာသီပတ်လုံး ငါ့မျက်နှာမှာ တွေဝေထိုင်မှိုင်းလို့ ... မျက်လုံးတွေက အမြဲ...