မြူ ခိုးဝေဖုံး ရေပေါ်မြို့ကလေးပုံ ဆွဲသားထားတဲ့ ကြွေပန်းအိုးကြီး "ခွမ်း"ကနဲ မြည်ပြီး မြေပေါ်ကျသွားတာ...
ပြောင်ပြောင်လက်လက် အစအန အစိတ်အပိုင်းကလေးတွေ ပြန့်ကျဲ နေလို့ပေါ့....ကြမ်းပြင်ပေါ် တစ်စစီ ပြန့်ကြဲနေတာတွေကို ကြည့်ရင်း ငါ့ စိတ်ထဲ နည်းနည်းတော့ နမြောမိသွားတယ်...
ဒီပန်းအိုးကြီး အကောင်းအတိုင်းရှိနေတုန်းကတော့ ကြည့်ကောင်းလှချည်ရဲ့လို့ ငါ တစ်ခါမှ အမှတ်မရခဲ့ဖူးဘူး...
အခုလို အစိတ်စိတ်ကွဲကြေသွားတဲ့ အခါမှာတော့ အလှတရားတစ်မျိုးတစ်မည်ကို ပေးစွမ်းနေသလိုပဲ...
ကွဲကြေနေတဲ့ အလှတရားပေါ့...ဘေးမှာရှိနေတဲ့ မိန်းမစေတွေ အားလုံး အံ့အားသင့်ထိတ်လန့်ရလွန်းလို့ အသက်တောင် မရှူ ဝံ့ကြတော့သလိုပဲ...
ငါ့ရှေ့က ရင်းလုကတော့ အချိန်တိုတွင်း ခံစားချက်မျိုးစုံ သူ့မိက်ဝန်းတွေထဲ ဖြတ်သန်းသွားတာကို ငါ မြင်လိုက်ရတယ်...ငါ မြင်လိုက်ရတဲ့အထဲမှာ...
ငါ ရှင်းလင်းပြတ်သွားစွာ မြင်လိုက်ရတယ်...
ဒီတော့ ငါ သိလိုက်ရတယ်...
ငါ မှန်းထားတာတွေ မှန်နေခဲ့တယ်ဆိုတာကို...ရင်းလု မျက်နှာပေါ် ဒေါသအမြက်ချောင်းချောင်းတွေ ရုတ်တရက် တက်လာတယ်...
ပြီးတော့ မျက်မှောင်ကျုတ်ပြီး သူ အော်တော့တာပဲ... "နင်တို့အားလုံး အပြင်ကို ထွက်ကြ...!"ငါ နည်းနည်းတော့ အံ့သြသွားမိတယ်... အယ်...?
ထောင့်မှာ ကုပ်နေကြတဲ့ မိန်းမစေတွေ အကုန်လုံး ရင်းလုကို ကျိုးကျိုးနွံနွံ ဂါရဝပြုသွားကြပြီး နောက်ငနေ ကျားလိုက်ခံနေရတဲ့ အတိုင်း တချိုးတည်း လစ်ပြေးကုန်တော့တယ်...
أنت تقرأ
လျို့ဝှက်ချက် [လျှို့ဝှက်ချက်]
أدب تاريخي[Zawgyi+Unicode] ငါဟာ မင်းသမီးတစ်ပါး... တိတိကျကျပြောရရင် ငါဟာ အရူးမင်းသမီး... ရွှေနန်းတော်ကြီးထဲမှာ မွေးဖွားလာတယ်ဆိုပေမယ့် ငါ့ရုပ်ငါ့ရည်ဟာ သာမန်ရွက်ကြမ်းရည်ကျိုလောက်ပဲ... ဆယ့်နှစ်ရာသီပတ်လုံး ငါ့မျက်နှာမှာ တွေဝေထိုင်မှိုင်းလို့ ... မျက်လုံးတွေက အမြဲ...