ယွိဝင်လွေ့က နန်းတွင်းပြန်ဖို့ ပြောတော့မှ ငါ ရက်တွက်ကြည့်မိတယ်...
တကယ်ပါပဲ... ငါ ပြန်ဖို့ သင့်နေပြီ။ငါ အပြင်ရောက်နေတဲ့ တစ်လအတောအတွင်းမှာ အုပ်အော်သောင်းနင်း ဖြစ်သွားစေတဲ့ လုပ်ကြံမှုကြီးကို ငါ မကြုံလိုက်ရဘူးဖြစ်သွားတယ်...
ပြီးတော့ မုန်းအိမ်တော်မှာ လူသစ်တွေ အများကြီးနဲ့ တွေ့ဖြစ်ခဲ့တယ်...
နည်းနည်းပါးပါး စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စလေးတွေ ကြုံဖြစ်ခဲ့တယ်...
ခုတော့...
ငါ အဲ့ဒီ့လျို့ဝှက်ချက်ပေါင်းများစွာ ပြည့်နှက်နေတဲ့...
ထိုင်းမှိုင်းလှတဲ့ တော်ဝင်နန်းတော်ကြီးကို ပြန်ရတော့မယ်...ကြေးမှုံပြင်မှာ ထင်ဟပ်နေတဲ့ ငါ့ပုံရိပ်ကို ကြည့်နေမိတယ်...
ပုံရိပ်ဆီကို လက်လှမ်းပြီး ငါ့မျက်လုံးနေရာကို ထိတို့မိပါတယ်...
ဒီမျက်နှာ... ငါ နှစ်ဘဝတိုင် တွေ့ဖူးခဲ့တာ...
ဟန်ဆောင်မှုကင်း ပွင့်လင်းပြီး အပူအပင်မဲ့ခဲ့တာက တစ်ဘဝ...
မှိုင်းမှုန်ငေးငိုင်ပြီး ခံစားချက်ကင်းမဲ့တဲ့ မျက်နှာထားနဲ့က တစ်ဘဝ...
ရုတ်တရက် ဆိုရိုးတစ်ခုကို ငါ သတိရမိလိုက်တယ်
လူ့ဘောင်အဖွဲ့အစည်းမှာ လူတွေဟာ သူတို့လက်ခံရရှိတာမျိုးကိုပဲ ပြန်လည် ပေးဆပ်တတ်ကြတယ်လို့...ချိုမြိန်တဲ့ အရသာကို ခံစားရပါများတော့ ရုတ်တရက်ကြီး ခါးသည်းမှုကို ကြုံတဲ့အခါမှာ ငါ့ခံနိုင်ရည်က...
သိပ်ချိနဲ့လို့နေတယ်..."နင် ဘာ ကြည့်နေတာလဲ" ယွိဝင်လွေ့က ငါ့နောက်ကို လျှောက်လာပြီး...
သူ့အေးစက်စက် လက်ချောင်းတွေ ငါ့မျက်နှာကို လာထိတယ်... သူ့အသံ လေသံက အမြဲလိုလို အေးစက်နေကျပေါ့...
နွေခေါင်ခေါင် ပူပြင်းတဲ့ ရာသီဥတုမျိုးမှာတောင် လန်းဆန်းစေတဲ့ အေးမြမှုမျိုးရှိတယ်..."ကိုယ့်ကိုယ်ကို ကြည့်နေတာ..." ငါ တုံးတိတိ ပြန်ဖြေလိုက်တာပေါ့။ "အားလန်က ကြည့်မကောင်းဘူး..."
ငါ အရင်ကလည်း ပြောဖူးပါတယ်၊ ငါက သိပ်ထူးခြားတယ်လို့လေ... ယောက်ျားချောတွေ မိန်းမလှတွေပဲ ပေါက်ဖွားကြတဲ့ တော်ဝင်မိသားစုမှာ ငါက ချွန်းထွက်နေတယ်လို့...
VOUS LISEZ
လျို့ဝှက်ချက် [လျှို့ဝှက်ချက်]
Fiction Historique[Zawgyi+Unicode] ငါဟာ မင်းသမီးတစ်ပါး... တိတိကျကျပြောရရင် ငါဟာ အရူးမင်းသမီး... ရွှေနန်းတော်ကြီးထဲမှာ မွေးဖွားလာတယ်ဆိုပေမယ့် ငါ့ရုပ်ငါ့ရည်ဟာ သာမန်ရွက်ကြမ်းရည်ကျိုလောက်ပဲ... ဆယ့်နှစ်ရာသီပတ်လုံး ငါ့မျက်နှာမှာ တွေဝေထိုင်မှိုင်းလို့ ... မျက်လုံးတွေက အမြဲ...