အခန်း (၁၉)

2.6K 407 46
                                    

၂၁ ရာစုမှာ ''Mary Sue'' လို့ခေါ်တဲ့ အခေါ်အဝေါ်တစ်မျိုးရှိတယ်...

'Mary Sue' ဆိုတာ လူပုဂ္ဂိုလ်မဟုတ်ဘူး... 'Mary Sue' ဆိုတာ ဂျုံမုန့် မုန့်ပဲသရေစာမဟုတ်ဘူး... (pastry in Chinese is sū / 酥) ,
'Mary Sue' ဆိုတာ ရောဂါတစ်မျိုးပဲ...

လူတိုင်းမှာတော့ ဒီ 'Mary Sue' ဆိုတဲ့ ရောဂါရှိကြတယ်... ဒါပေမယ့် ရောဂါ ဘယ်လောက်သည်းတယ်ဆိုတာကတော့ ကွဲပြားကြမှာပဲ...

ရောဂါနုရင်တော့ တခါတလေ ကိုယ့်ကိုယ်ကို ကျေနပ်အားရနေတာလောက်​ပေါ့...
မြို့ပြကြီးတွေမှာ နေတဲ့သူတွေအဖို့ ဒါမျိုးက ဖြစ်တတ်ပါတယ်လေ...

ရောဂါရင့်နေရင်တော့... ဆိုလိုတာက... 'မင်းသားလေး' ဒါမှမဟုတ်
'မင်းသမီးလေး'ရောဂါ...
ကိုယ့်ကိုယ်ကို စောက်ထင်တွေ ဇွတ်ကြီးပြီး... တစ်လောကလုံး သူ့ကို ဝန်းရံနေတယ်လို့ ထင်တဲ့ဟာမျိုး...
ရောဂါလက္ခဏာက ပုံမှန်ဆို "ဘုရားသခင်ကောင်းချီးပေးခံရတဲ့သူ"ဆိုတဲ့ လူတွေမှာ အဖြစ်များကြတယ်... ရိုင်းရိုင်းပြောရရင် ဘာမှမဟုတ်ဘူး... ဘဝင်ရူးတာသက်သက်ပဲ...

ပြီးတော့ ဒီလူ မုန်းရှောင်ကျွယ်ဟာ ရောဂါသည်းတဲ့ အုပ်စုထဲမှာပါတယ်...

ဒီလိုမျိုး သူ့ကိုယ်သူ 'ငွေငန်းဖြူ'လို့ ထင်နေတဲ့ ကိစ္စဟာကိုတော့ဖြင့်​... ငါ သိပ်တောင် အရေးမစိုက်တော့ဘူး...
ငါ့ဟာငါ မတ်မတ်ပြန်ရပ်နိုင်တဲ့အထိ စောင့်ပြီး... နောက်တစ်လှမ်းအမြန်ဆုတ်လိုက်တယ်... အံ့သြသွားသလို ခေါင်းကလေးစောင်းပြီး ပြန်မေးလိုက်တယ်... "သခင်လေး...?"

မုန်းရှောင်ကျွယ်က ခရမ်းရောင်ကျောက်စိမ်းယပ်တောင်ကို လက်တစ်ဖက်အသာခါပြီး ဖွင့်လိုက်တယ်...
သူ စကားပြောလာတဲ့အခါ စိတ်ရင်းက တကယ်ပါ မပါ မသေချာဘူး... "သခင်လေးတဲ့လား... မဟုတ်သေးပါဘူး... ခင်ဗျားလေးက ဒီလိုခေါ်ဝေါ်တာဟာ ကျွန်​တော့်​လို သာမန်ပြည်သူတစ်ယောက်ထိုက်တန်တာထက်ကို ပိုလွန်းနေပါပြီ... ပဉ္စမ - မင်း - သ မီး..."

နောက်ဆုံး သူပြောသွားတဲ့ စကားသုံးလုံးက အတော်ကို နှေးကန်ပြီး သံရှည်ဆွဲပြီးပြောသွားတာ... အတော့်ကို ဆန်းကြယ်ထှာ...
ငါ့မျက်လုံးတွေကို လခြမ်းကွေးလေးဖြစ်အောင် ပြုံးလိုက်တယ်... ငါ ရှက်တုံ့တုံ့နဲ့ ပြောရင်းပေါ့...
"အခု... နင် သိသွားပြီ... စိတ်ဝင်စားဖို့ မကောင်းတော့ဘူး... ပျော်စရာလည်း မကောင်းတော့ဘူး..."

လျို့ဝှက်​ချက်​ [လျှို့ဝှက်ချက်]Onde histórias criam vida. Descubra agora