သူ ရုတ်တရက် အရမ်း ရင်းနီးပူးကပ်နေတာကို ငါ သိပ်စိတ်ထဲ မထားတော့ဘူး...
ငါ ကိုယ်ကို ကိုင်းပြီး သူ့လက်ရေးကိုပဲ ငုံ့ကြည့်နေလိုက်တော့တယ်။
စက္ကူ ဖြူ လွှလွှပေါ်မှာတော့ "မုန်းရှောင်းကျွယ်"ဆိုတဲ့ စာလုံး သုံးလုံး အထင်းသားရှိနေတယ်...ရှေးလူကြီးတွေရဲ့ အဆိုတစ်ခုရှိတယ်... လူတစ်ယောက်အကြောင်းကို လက်ရေးကြည့်ပြီး သိနိုင်သတဲ့...
ဒီစာလုံးတွေကို ကြည့်ရရင်... စုတ်တံဆွဲချက် တစ်ချက်ချင်းစီတိုင်းဟာ... မျောလွင့်နေတဲ့ တိမ်တွေလို... စီးဆင်းနေတဲ့ ရေအလျင်လို... ချောမွတ်နေတယ်။ ထစ်သွားတဲ့ တုန့်သွားတဲ့ နေရာတစ်နေရာတောင် မရှိခဲ့ဘူး။
မျဉ်းကြောင်းတွေက ရှည်လျားပြီး ထင်ရှားတယ်... အဆုံးသတ်တွေက သန့်ရှင်းပြီး သပ်ရပ်တယ်... ရွှံ့အိုင်ထဲ တရွတ်ဆွဲသွားတဲ့ (ယိုင်နဲ့/ ပေါ့ပြတ်) သဘော တစိုးတစိမှ မတွေ့ရဘူး...
ဒါကို ကြည့်ရရင် သခင်လေးဟာ အလုပ်လုပ်ရင် တိတိကျကျ ပြတ်ပြတ်သားသားနဲ့... ဆုံးဖြတ်ချက်ခိုင်မာစွာ လုပ်တတ်တယ်လို့ ဆိုရမယ်။
သူ့စိတ်အားက ပြင်းထန်ပြီး ခိုင်မာ တည်ကြည်လိမ့်မယ်...
နောက်ပြီး သူ စာလုံး သုံးလုံးကို ခွဲရေးထားတဲ့ အကွာအဝေးကလည်း အနေတော်ပဲ... စာလုံးတစ်လုံးချင်းစီဟာ ကျက်သရေရှိစွာ သီးသီးသန့်သန့် ပေါ်လွင်နေတယ်။
အထိန်းအကွပ် အနည်းငယ်မဲ့တယ်လို့လည်း ထင်ရစေတယ်...
သုံးလုံးပေါင်းကြည့်ရင်တော့ မသိသာဘူးပေါ့။
ဒါပေမယ့် ဆက်နွယ်မှု နည်းနည်းစီတော့ ရှိနေသလိုပဲ...
ဒါ့ကြောင့်မို့ ဒီလူရဲ့ အတွေးတွေဟာ စေ့စပ်လွန်းအားကြီးတာ...
အသေးအဖွဲလေးတွေအထိ စေ့စပ်သေချာပြီး...
ကိစ္စကြီးငယ် ကိုင်တွယ်ဖြေရှင်း ထိန်းချုပ်နိုင်စွမ်းမယ်။လူကိုယ်တိုင်ကို အကဲဖြတ်ရရင်...
သခင်လေးမှာ ပေါ့ပေါ့ပြက်ပြက် လူပေါ်ကြော့ သူကြွယ်သားဟန်ပန်မျိုးရှိတယ်...
ရုပ်ရည်ချောမောတယ်... ဘရိုကိတ်အထည်ဝတ်ပြီး အဖိုးတန် အစားကောင်း အသောက်ကောင်းတွေ သောက်စားပြီး...
မိန်းမလှလေးတွေ နှစ်သက်ပြီး... အပျော်အပါးလိုက်စားတယ်...
ဒီလို လူပေါ်ကြော့ အပြုအမူ ဟန်ပန်တွေ အားလုံး သူ့မှာ ပြည့်စုံစွာ ရှိနေသလို ထင်ရတယ်...
ဒါပေမယ့် တစ်ခါတစ်လေမှာ...
သူ့မျက်ဝန်းတွေထဲမှာ... လေးနက်တည်ကြည်တဲ့ အကြည့်မျိုးတွေ ရှိတတ်တယ်။ ဒါမျိုးက ပေါ့ပေါ့ပါးပါး နေတတ်တဲ့ လူပေါ်ကြော့သခင်လေးတွေမှာ ရှိတတ်တဲ့ အရာမျိုးတော့ မဟုတ်...
ဖြစ်နိုင်တာက... သူ့လက်ရေးက ညွှန်းဆိုသလိုပဲ...
သူ့ရဲ့ ထက်မြက်မှုကို ရှုပ်ပွေပျော်ပါးတတ်တဲ့ သူ့ရဲ့ အမူအကျင့်တွေနဲ့ပဲ ဖုံးကွယ်ထားလေရော့သလား...
ဒီအပေါ်ယံက မျက်နှာဖုံးဟာ... သူတကာကို လှည့်စားဖို့ သူ ကြံဆောင်ထားတဲ့ နည်းလမ်းတစ်ခုသာသာပဲ ဖြစ်နေရော့သလား...
YOU ARE READING
လျို့ဝှက်ချက် [လျှို့ဝှက်ချက်]
Historical Fiction[Zawgyi+Unicode] ငါဟာ မင်းသမီးတစ်ပါး... တိတိကျကျပြောရရင် ငါဟာ အရူးမင်းသမီး... ရွှေနန်းတော်ကြီးထဲမှာ မွေးဖွားလာတယ်ဆိုပေမယ့် ငါ့ရုပ်ငါ့ရည်ဟာ သာမန်ရွက်ကြမ်းရည်ကျိုလောက်ပဲ... ဆယ့်နှစ်ရာသီပတ်လုံး ငါ့မျက်နှာမှာ တွေဝေထိုင်မှိုင်းလို့ ... မျက်လုံးတွေက အမြဲ...