အခန်း (၆)

4.4K 666 78
                                    

ငါ သိပ်သိတာပေါ့...
အိမ်စေတစ်ယောက် အနေနဲ့...
အရည်အချင်းပြည့်တဲ့ အိမ်စေတစ်ယောက်အနေနဲ့...
၂၁ရာစုကလာတဲ့ အရည်အချင်းပြည့်တဲ့ အိမ်စေတစ်ယောက်အနေနဲ့... ငါ့သခင် အစားစားနေရင် ဘေးနားမှာ ရပ်နေပြီး ငါအငတ်ခံရမယ်ဆိုတာ...

ငါတို့ရောက်တော့... တစ်ယောက်သောသူက စားပွဲမှာတောင် နေရာယူလို့ ပြီးနေပြီ...
ရင်းလုက "ဟွန့်" ကနဲ့ အသံတိုးတိုး ပြုတယ်... မကြားရသလောက်ပဲ... ငါကတော့ တာဝန်သိစွာ သူ့အနားမှာရပ်နေတယ်... ရှေ့တည့်တည့်ကိုကြည့်ရင်း ဘာတွေဖြစ်နေသလဲပဲ ကြည့်နေတော့တယ်...

ငါ့ရှေ့က မိန်းမလှလေးကို ကြည့်လိုက်မိတယ်... ပိုးသားဆံနက်တွေ... မိုးမခခက်လို မျက်ခုံးသွယ်တွေ... မျက်လွှာချထားတဲ့ သစ်အယ်သီးမျက်လုံးတွေနဲ့... မျက်ဝန်းတွေကတော့ အေးစက်စက်အငွေ့အသက်တွေနဲ့... ပန်းသွေးရောင် နှုတ်ခမ်းတွေက အနည်းငယ် ကော့တက်နေတယ်... တစ်ချက်ကြည့်လိုက်ရုံနဲ့ သိနိုင်တယ်... အေးစက်စက် မောက်မာတတ်သူမျိုးဆိုတာ... သူရင်းလုကိုလည်း အဖက်မလုပ်ဘူး... သူ့လက်ဖက်ရည်ပဲ သူသောက်နေတယ်... သူ့နောက်ကနေ ဆန်းအာက သူ့နားအနားကပ်ပြီး တီးတိုးပြောတတ်တယ်... အဲ့လိုပြောစကားတွေ ကြားရင်တော့... သူ့မျက်လုံးအကြည့်က ညင်သာနူးညံ့သွားတာ တွေ့နိုင်တယ်...

ငါပွင့်ပွင့်လင်းလင်း ရှင်းပြမယ်... ငါ့အစ်မတော်သာ လှပမွှေးပျံ့တဲ့ peonyပန်းလေးလိုပဲ ယစ်မူးစရာ အလှပိုင်ရှင်လို့ ဆိုရရင်... ငါ့ရှေ့ကတစ်ယောက်ကတော့... နှင်းတောထဲမှာ ပွင့်ချင်တိုင်းပွင့်နေတဲ့ ဆီးပန်းတွေလိုပဲ... အေးစက်ပြီး တိတ်ဆိတ်နေတယ်... သူများတွေ ခူးချင်စရာဖြစ်နေတယ်... ရင်းလု... တစ်ဖက်မှာတော့... ဒီမိန်းမလှကို အကောင်းမမြင်ရှာဘူး... လက်တစ်ဖက်က အပြာရောင်ဆေးပန်းချီခြယ်ထားတဲ့ ကြွေဇွန်းဖြူနဲ့ ဆော့နေတယ်... သူဘာတွေ စောင့်မျှော်နေတာလဲတော့ မသိရဘူး...

ကျွတ်ကျွတ်... ဒီကလေးမနဲ့ အပြင်အိမ်တော်က သခင်မအလှလေးတို့... မတည့်ကြတာ အသိသာကြီး...

ဒါ့အပြင် မိန်းမလှလေးဘေးက ဆန်းအာကိုကြည့်လိုက်ရင်... သူ့နှဖူးမှာချထားတဲ့ ဆံမြိတ်တိုလေးတွေနဲ့... တောက်ပတဲ့ မျက်ဝန်းတွေက အပြုံးငယ် စီခြယ်ထားတယ်... ကိုရီးယားကားတွေထဲက ချစ်စရာ အပြစ်ကင်းတဲ့ ဇာတ်ဆောင်မလေးနဲ့တူတယ်... ငါကတော့ ကိုရီးယားကား မကြိုက်ဘူး... ပေကျင်းလိုပြောရရင်... '不待见/ bu dai jian'(ပေကျင်းဗန်းစကား... တစ်စုံတစ်ခုကို မနှစ်မြို့/မနှစ်သက်သောအခါ သုံးသည်။) ရှင်တို့ ဒါကို... ငါဆန်းအာကို သဘောမကျဘူးလို့ တိုက်ရိုက်နားလည်လိုက်လို့ ရတယ်... အဲ့ဒီ့အပြင် အိမ်တော်က သခင်မလေးကိုတော့လား... အခုလောလောဆယ် မဆုံးဖြတ်ရသေးဘူး...

လျို့ဝှက်​ချက်​ [လျှို့ဝှက်ချက်]Dove le storie prendono vita. Scoprilo ora