သံသယ ဝင်စရာမလိုဘူး...
ဒီ 'သာယာနာပျော်ဖွယ်ကောင်းသော' အသံပိုင်ရှင်ဟာ မုန်းရှောင်ကျွယ်ဆိုတဲ့ မုန်းသခင်လေးပဲ...
ငါ့မျက်ခမ်းစပ်တွေ လှုပ်လာသလိုပဲနော်...
အတန်းဖော်မုန်း ဘာလို့ နင်ရောက်လာချိန်ဟာ အချိန်ကိုက် ဖြစ် ဖြစ်နေတာတုန်း...ပြဿဒ်ဆောင်ရဲ့အပြင်ဘက်မှာ မုန်းရှောင်ကျွယ်က ငွေရောင် ဝတ်ရုံရှည်ဝတ်လို့...
နေရောင်အောက်မှာ ရောင်ဖြာထွက်နေတဲ့ ခရမ်းရောင်ကျောက်စိမ်းယပ်တောင်ကိုကိုင်လို့...
ရင်းလုရဲ့ အံ့သြသွားဟန်ကို သူ လျစ်လျူရှုပြီး ထပ်ပြောလိုက်တယ်။
''ရင်းလု... အစ်ကိုပြောတာ မကြားလိုက်ဘူးလား...''''အစ် - အစ်ကို...'' ရင်းလု ထစ်အနေတယ်။
''အစ်ကို ပြောတာက... ပဉ္စမမင်းသမီးလား... မင်းသမီးကို... မင်းသမီးကို ဂါရဝပြုရမှာလား...''မုန်းရှောင်ကျွယ်က ပြဿဒ်ထဲ ဖြည်းဖြည်းချင်းလျှောက်ဝင်လာတယ်... ရှည်လျားမှေးစင်းနေတဲ့ ဇာမဏီမျက်ဝန်းတွေမှာ အပြုံးတိမ်တိမ်ခံဆောင်ထားတယ်...
သူ ငါ့ကို ကြည့်ပြီးပြောတယ်... ''အင်း...'' လို့။''ဒါပေမဲ့... ဒါပေမဲ့...'' ရင်းလုက မျက်ခုံးကလေးကျုံ့လို့ အတော် အခက်တွေ့နေပုံပဲ...
''မင်းသမီးက ဘယ်မှာလဲ... ဒီမှာ အစ်ကိုရယ် ညီမရယ်... အားလန်ရယ်ပဲရှိတာ... ညီမတို့ သုံးယောက်တည်းဟာကို... ဒါမှမဟုတ်...အစ်ကို ဘယ်တုန်းက ပဉ္စမမင်းသမီးဖြစ်သွားတာလဲ...''မုန်းရှောင်ကျွယ်ခမျာ ဒါကိုကြားတော့ ရယ်ရခက် ငိုရခက်ဖြစ်သွားပုံပဲ... ခရမ်းရောင်ကျောက်စိမ်းယပ်တောင်နဲ့ သူ့ညီမခေါင်းကို ခေါက်လိုက်တယ်... ''ငါ့ကို အူကြောင်ကြောင်လာလုပ်ပြမနေနဲ့တော့... ဒီနေရာက နန်းတွင်းလေ... မင်းဘာသာ စဉ်းစားကြည့်ပေါ့...''
ရင်းလုက သူ့နဖူးလေး သူ ပွတ်နေရင်း သူ့အစ်ကိုကို မျက်စောင်းထိုးကာ ပြောတယ်... ''အစ်ကိုပဲ သူများကို ပြဿနာလိုက်ရှာနေပြီး... ပဉ္စမမင်းသမီး... ပဉ္စမမင်းသမီး... အားလန်က ပဉ္စမမင်းသမီးဖြစ်စရာလားလို့...''
မုန်းရှောင်ကျွယ်ရဲ့ နှုတ်ခမ်းပါးတွေ ကော့တက်သွားတော့တယ်။ ငါ့ကို အဓိပ္ပါယ်ပါပါလှမ်းကြည့်ပြန်တယ်... ''ဒါကတော့... မင်း သူ့ကို ကိုယ်တိုင် မေးကြည့်ပေါ့...''
ESTÁS LEYENDO
လျို့ဝှက်ချက် [လျှို့ဝှက်ချက်]
Ficción histórica[Zawgyi+Unicode] ငါဟာ မင်းသမီးတစ်ပါး... တိတိကျကျပြောရရင် ငါဟာ အရူးမင်းသမီး... ရွှေနန်းတော်ကြီးထဲမှာ မွေးဖွားလာတယ်ဆိုပေမယ့် ငါ့ရုပ်ငါ့ရည်ဟာ သာမန်ရွက်ကြမ်းရည်ကျိုလောက်ပဲ... ဆယ့်နှစ်ရာသီပတ်လုံး ငါ့မျက်နှာမှာ တွေဝေထိုင်မှိုင်းလို့ ... မျက်လုံးတွေက အမြဲ...