ဒီလူ - ယွိဝင်ရှို့...
သူနဲ့ အသင့်တော်ဆုံးစကားလုံးနဲ့ သူ့အကြောင်းကို ဖော်ပြရရင်... 'ရာစုနှစ်တစ်ခုမှာ တစ်ယောက်သာ ရှိနိုင်တဲ့ ဆရာကြီး'ပဲ။ရုပ်ရည်အရ ပြောရရင်... သူကသာ သူ့ကိုယ်သူ ဒုတိယအကြည့်ကောင်းဆုံးလို့ ပြောရင် ဘယ်သူမှ ပထမနေရာကို ဝင်ယူရဲမှာ မဟုတ်ဘူး...
ပျော်ပါးကစားတဲ့နေရာ (ရွတဲ့ နေရာ)မှာ သူ့ကိုယ်သူ ဒုတိယလို့ ပြောရင်လဲ ပထမသမားတွေ ရှိမှာ မဟုတ်ဘူး...
စာပေအရာမှာပဲ ဖြစ်ဖြစ်... ဘဝနေထိုင်မှုပုံစံမှာပဲ ဖြစ်ဖြစ်... မြို့တော်မှာ ရှိသမျှ ဘယ်သူနဲ့မှ သူ့ကို နှိုင်းယှဉ်လို့ မရဘူး။သိပြီလား။ အဲ့ဒါ ငါ့ရဲ့ သတ္တမမြောက် ဝမ်းကွဲအစ်ကို ယွိဝင်ရှို့ဆိုတာပဲ။
အစ်ကို(၇) ဝင်လာတာ အစ်မတော်တွေ့တာနဲ့ ငြိမ်သက်ကာ ငိုင်ကျသွားတော့တာပဲ။
ငါ့လက်ကို ကိုင်ထားတဲ့ သူ့လက်တွေဟာလဲ ပိုလို့ တင်းကြပ်သွားတော့တယ်...
ပြီးတော့ သူ ခေါင်းငုံ့ကာ ငါ့စောင်ကို အသေအချာ ရှုစားတော်မူနေလေရဲ့...
ယွိဝင်ရှို့လဲ အစ်မတော်ကို တွေ့တာပေါ့။ ဒါပေမဲ့ တစ်ချက်လောက်သာ လှမ်းကြည့်ပြီး ငါ့ကို ပြောတယ်... "မတွေ့ရတာ ကြာပြီဆိုပေမဲ့... နင်လေးဟာ အရင်လို ရူးပေါပေါ မျက်ခွက်နဲ့ပါပဲလား... အမ်... ကြည့်ရတာ နင် နည်းနည်းတော့ တက်လာသလိုပဲ။ အပြင်မှာ နေရတဲ့ နေ့ရက်တွေက သာယာနေလို့ ဖြစ်ရမယ်အာ..."အပြင်ပန်းကတော့ ငါ နူးညံ့စွာ ပြုံးနေဖြစ်တယ်...
နင် ငါ့ကို ဝလာတယ်လို့ ပြောနေတာလား၊ ဒါ ဒေါသထွက်စရာ မဟုတ်ဘူး... တကယ် မဟုတ်ဘူး။"နင် ဘာလို့ ဘာမှ ပြန်မပြောတာလဲ... ဧကန္တ... နင် ငါ့ကို မမှတ်မိတော့တာလား... ကျွတ်... ကျွတ်... အားလန် နင် မေးစေ့နှစ်ထပ်ထွက်နေပြီ..."
ယွိဝင်ရှို့ရဲ့ မက်မွန်ပွင့်ချပ်သဏ္ဍာန်မျက်ဝန်းတွေမှာ လှောင်ပြောင်သရော်မှုတွေနဲ့၊ သူ ဒီလို ပျင်းရိပျင်းတွဲ ပြောလာတယ်...မေးစေ့နှစ်ထပ်... ငါ ဆက်ပြီး ပြုံးနေလိုက်တယ်။
မေးစေ့နှစ်ထပ်ပဲ မဟုတ်လား... မရှိဖူးတဲ့သူ ရှိလို့လား။ ဒါ ဒေါသထွက်စရာ မဟုတ်ဘူး... တကယ် မဟုတ်ဘူး။
ČTEŠ
လျို့ဝှက်ချက် [လျှို့ဝှက်ချက်]
Historická literatura[Zawgyi+Unicode] ငါဟာ မင်းသမီးတစ်ပါး... တိတိကျကျပြောရရင် ငါဟာ အရူးမင်းသမီး... ရွှေနန်းတော်ကြီးထဲမှာ မွေးဖွားလာတယ်ဆိုပေမယ့် ငါ့ရုပ်ငါ့ရည်ဟာ သာမန်ရွက်ကြမ်းရည်ကျိုလောက်ပဲ... ဆယ့်နှစ်ရာသီပတ်လုံး ငါ့မျက်နှာမှာ တွေဝေထိုင်မှိုင်းလို့ ... မျက်လုံးတွေက အမြဲ...