ညှာတာသနားမှု မရှိဘူးဆိုတာ ဘာကို ပြောတာလဲ...
အဖြေကို သိချင်ရင် ယွိဝင်လွေ့ကိုသာ ကြည့်လိုက်...ဒီလိုအခြေအနေမျိုးမှာ ပုံမှန်လူဆိုရင် ပြန်လည်တိုက်ခိုက်ရင်ဆိုင်မိမှာပဲ... သူ့ကို သင်ခန်းစာကောင်းကောင်း ပေးလိုက်မိမှာပဲ... ဒါပေါ့... ငါလည်း လုပ်ချင်တာပေါ့...
ငါ နောက်ပြန်လှည့်ပြီး သူ့ကို မျက်စောင်းထိုးလိုက်ချင်တယ်...
သူ့နားထင်ကို လက်နဲ့ ထိုး ထိုးပြီး ဆူလိုက် ပြောလိုက်ချင်တယ်... "သနားညှာတာတတ်ရတယ်... သနားညှာတာတတ်ရတယ်... သနားတယ် ကိုယ်ချင်းစာတ်ဆိုတာ ဘာလဲမှန်းရော သိရဲ့လား ကောင်စုတ်လေး..." လို့...ဒါပေမယ့် ငါ အဲ့သလို လုပ်လို့မရဘူး... ဘာလို့ဆို ငါက အန်းခယ့်လန်လေ... ငယ်ငယ်တည်းက သူ အနိုင်ကျင့်တာခံလာရတဲ့ အန်းခယ့်လန်...
မှန်တယ်... နင်တို့ မှန်းတာ မမှားဘူး... တော်ဝင်ရွှေနန်းတော်ကြီးထဲမှာ ခါးသီးလှတဲ့ ဘဝကို ရင်ဆိုင်ကျော်ဖြတ်နေရရှာတာ ငါဆိုတဲ့ အားလန်လေးပဲ...
စိတ်ထဲမှာတော့ ငါ့ကိုယ်ငါ သနားလွန်းလို့ ကျလာတဲ့ မျက်ရည်တွေကို သုတ်နေရတာပေါ့... ဒီလိုနဲ့ ရုတ်တရက် ငါ သူများကို ကူးချဖို့ အကြံရလာမိတယ်...
ငါ ကြေးမုံဘက်ကို လှည့်ပြီး ငါ့မျက်နှာကို အသာပွတ်လိုက်တယ်... ပြီးတော့ ငေးကြောင်ကြောင်မျက်နှာသေနဲ့ပဲ ငါ ပြောလိုက်တယ်...
''အစ်ကိုကြီး ညီမရဲ့ ဝေဒနာတွေကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး...''
(အားလန်ရဲ့အမွှာအစ်မတော် လုပ်သလိုလုပ်တာပါ။ မျက်နှာသေနဲ့ပြောတာကလွဲလို့၊ အခန်း (၁)မှာပါတယ်)အနောက်မှာရှိနေတဲ့ ယွိဝင်လွေ့တစ်ကိုယ်လုံး ခဏလောက်တော့ တောင့်သွားတယ်... ပြီးတော့ သူ့ရယ်သံကို ခပ်အုပ်အုပ်ဖြစ်သွားအောင် မျက်နှာကို ငါ့လည်ပင်းမှာ အပ်ထားလိုက်တယ်... "အားလန်... နင် အတုခိုးထားတာက... အန်... အရမ်း တူတာပဲ... အဟွတ် အဟွတ် အရမ်းတူတယ်..."
ငါ့လက်ဝါးက ဆုတ်ချည် ဖြန့်ချည်... ဖြန့်ချည် ဆုတ်ချည် ဖြစ်နေမိတယ်...
ဆယ်ခါလောက် ဒီလိုလုပ်ပြီးတော့ ငါ လက်နှစ်ဖက်လုံးကို ဘေးမှာပဲ ပြန်ချထားလိုက်တော့တယ်...
'ကောင်းလေစွ... ကြည့်ရတာ ငါ နင့်ကို ရယ်မြူးစေမိပုံပဲ... အစ် - ကို - ဝမ်း - ကွဲ...'
YOU ARE READING
လျို့ဝှက်ချက် [လျှို့ဝှက်ချက်]
Historical Fiction[Zawgyi+Unicode] ငါဟာ မင်းသမီးတစ်ပါး... တိတိကျကျပြောရရင် ငါဟာ အရူးမင်းသမီး... ရွှေနန်းတော်ကြီးထဲမှာ မွေးဖွားလာတယ်ဆိုပေမယ့် ငါ့ရုပ်ငါ့ရည်ဟာ သာမန်ရွက်ကြမ်းရည်ကျိုလောက်ပဲ... ဆယ့်နှစ်ရာသီပတ်လုံး ငါ့မျက်နှာမှာ တွေဝေထိုင်မှိုင်းလို့ ... မျက်လုံးတွေက အမြဲ...