1

3.2K 154 3
                                    

kim Nam joon ကဒီနှစ်​ဝက်​စာ​မေးပွဲမှာလအမှတ်​အများဆုံးရတယ်​''

လက်​ခုပ်​သံအချို့နှင့်​အတူအတန်း၏​ထောင့်​ကျကျ​နေမှ​ချော​မော​သောလူငယ်​တစ်​ဦးကထကာဆရာ့ကိုအရိုအ​သေပြုလိုက်​သည်​..ပြီး​နောက်​အတန်း၏​ရှေ့ဆုံးမှ လူငယ်​ဆီသို့ခပ်​ရွဲ့ရွဲ့​လေးလှမ်းကြည့်​လိုက်​ရင်းပြန်​ထိုင်​လိုက်​သည်​....ဒီအချိန်​ဖြစ်​​နေမဲ့မင်းမျက်​နှာကိုမြင်​ချင်​မိတယ်​kim seok jin......

လက်​သီးကိုကျစ်​ကျစ်​ပါ​အောင်​ဆုပ်​လိုက်​ရင်း အ​ကြောင်းမဲ့စွာ​ဖောင်​တိန်​ကိုချိုးပစ်​လိုက်​မိသည်​....မာန်​တတ်​​နေမဲ့မင်းမျက်​နှာကို​တွေးလိုက်​တိုင်းအသည်းထဲထိကကိုမုန်းမိတယ်​kim Namjoon...

...............................................
ကျောင်းဆင်းသည်​နှင့်​သူတို့နှစ်​ဦးကိုလာကြို​နေသည့်​ကားနှစ်​စီးကအဆင်​သင့်​ပင်​...သူတို့အသီးသီးသက်​ဆိုင်​ရာကားဆီသို့ လိုက်​ပါသွားကြ​သော်​လည်းဦးတည်​ရာကတစ်​ခုထဲဖြစ်​ခဲ့သည်​ဆိုပါလျှင်​......

.................................................
ကား​လေးနှစ်​စီးက​ရှေ့ဆင့်​​နောက်​ဆင့်​ပင်​ခမ်းနား​သောခြံဝန်းကျယ်​ကြီးထဲသို့ဝင်​​ရောက်​သွားကြသည်​..
Njက​လေ​လေးတစ်​ချက်​ချွန်​ကာအိမ်​ထဲသို့အ​ပြေး​လေးဝင်​သွားပြီး.....

Nj...​ဖေ​ဖေ''ကျ​တော်​ဒီ​နေ့...

ဧည့်​ခန်းထဲမှာအ​ဖေရှိမည်​ထင်​၍​အော်​လိုက်​​သောလ်​လည်းအ​ဖေမရှိ..အဲ့အစားသူအရမ်းမုန်းတဲ့မိန်းမတစ်​ဦးသာရှိသည်​...ထိုသူကသူ၏မိ​ထွေး..jung minji

သားအ​ဖေက အ​ပေါ်မှာသားရဲ့''

သူမကြားဟန်​ပြုကာအ​ပေါ်ထပ်​သို့တတ်​လာခဲ့လိုက်​သည်​..ဒီမိန်းမကြီး၏ချိုသာမှု​တွေကိုသူကခါးသီးသည်​..မိ​ထွေးဟူသည့်​အသိ​ကြောင့်​ပဲလားမသိသူ့ရင်​ထဲဘယ်​လိုမှနားလည်​​ပေး၍မရ...အထူးသဖြင့်​ပါလာ​သောအစွယ်​အပွား​တွေကိုပါ......

Jin...အ​မေ ကျ​တော်​​ရောက်​ပြီ..

အင်း...သား​လေး ပင်​ပန်းလာလား?​ရေချိုး​တော့

Jin​ခေါင်းညိတ်​ပြကာအ​ပေါ်တတ်​လာခဲ့သည်​..မ​တွေ့ချင်​​သောမျက်​နှာကို​တွေ့ရ​ပေအုံးမည်ာ......
.......................................
ခမ်းနား​သောထမင်းစားပွဲကျယ်​ကြီးတွင်​လူ​လေး​ယောက်​တိတ်​ဆိတ်​စွာ ထိုင်​လျှက်​ရှိကြသည်​..တိတ်​ဆိတ်​မှုကိုစတင်​ဖြိုခွဲသူကnj.....

Nj...အ​ဖေ ကျ​တော်​ဒီ​နေ့ အမှတ်​အများဆုံးရတယ်

ဟင်​''ဟုတ်​လား သားက​တော်​တာပဲ..

အ​ဖေ့ချီးကျူးသံ​လေး​ကြောင့်​သူပြုံးကာထမင်းကိုဆက်​စားလိုက်​သည်​....အ​ဖေကဆက်​လက်​၍

သားjinက​ရော''

Jin..ကျ​တော်​အမှတ်​နဲနဲကျတယ်​ ဦး​လေး''

အော်​ သားရယ်​ ​နောက်​ဆိုပြန်​တတ်​​အောင်​လုပ်​​ပေါ့
Jin'အ​မေကဆံပင်​​လေးကိုသပ်​ကာ​ပြောလိုက်​သည်​..njမျက်​နှာ​လေးမဲ့ကာကြည့်​၍အံကြိတ်​လိုက်​မိသည်​..အ​ဖေကလည်းjinကိုထပ်​နှစ်​သိမ့်​​နေသည်​..ဒီထမင်းစားဝိုင်းမှာသူသာထမင်းစား​နေခဲ့တာပဲ...njရုတ်​တရတ်​ထရပ်​ကာ........

Nj...ကျ​တော်​စားပြီးပြီ အ​ဖေ

သား'joon'

ခေါ်သံ​တွေကိုလျစ်​လျူရှုကာသူ​ပြေးတတ်​လာခဲ့သည်​..
ငယ်​စဉ်​ကတည်းကသူ့ဘဝထဲကိုထိုသားအမိဝင်​မလာသင့်​ခဲ့..မိ​ထွေးတင်​ပါမဟုတ်​သူမ၏သားကိုပါအိမ်​​ပေါ်​ခေါ်တင်​လာခဲ့​သော​ဖေ​ဖေ့ကိုသူမုန်းတီးမိခဲ့​သော်​လည်းခနသာ...သူ​ဖေ​ဖေ့ကိုချစ်​သည်​....သူ့ဘဝထဲကိုဝင်​လာခဲ့သည့်​ဟိုသားအမိကိုသာမုန်းခဲ့တာ..အထူးသဖြင့်​ သူ့ငယ်​ဘဝ၏အဆိပ်​ kim seok jin.....

ထွက်​သွား​သောnjကိုကြည့်​၍jinပြုံးလိုက်​သည်​..ဖခင်​လို​နေသူသူ့ကို​နောက်​ထပ်​ဖခင်​တစ်​​ယောက်​ရှာ​ပေးခဲ့သည့်​​မေ​မေ့ကိုသူစိတ်​မဆိုး...​သွေးသားမ​တော်​စပ်​​သော်​လည်း​နွေး​ထွေးစွာချစ်​​ပေးသည့်​ ဦး​လေးကိုလည်း သူတွယ်​တာပါသည်​.....သို့​သော်​ သူ့အ​ပေါ်အမြဲအနိုင်​ယူရန်​ကြိုးစား​နေသည့်​knjကိုလုံးဝမ​ကျေနပ်​.....အရာရာကိုပိုင်​ဆိုင်​ရပြီးတာ​တောင်​မှအလိုမပြည့်​နိုင်​တဲ့​လောဘ​တွေနဲ့သူ့ကိုjinခါးသက်​စွာမုန်းတီးသည်​..ဒါအမှန်​တရားတစ်​ခု..........
..........................
.😍😍😍😍😍😍😍

နှလုံးသားကင်းမဲ့ဇုန်​Where stories live. Discover now