Ahhhဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင်ပြန်ရတော့မယ်နော်
သူ့ဘေးကအခန်းဖော်ကအားရပါးရပြောလိုက်သည့်အသံကိုကြားပြီးNjပြုံးမိသွားသည်...ထိန်းသိမ်းနေရသောအနေအထိုင်တွေ..အပြုအမူတွေကိုသူအရမ်းစိတ်ကုန်နေခဲ့တာ....
ပြီးတော့Jinနှင့်ဟိုကောင်နီးကပ်နေတာကိုလည်းထပ်မမြင်ချင်...ဒါသဝန်တိုတာလို့တော့သူမထင်ချင်ပါ...ကိုယ်ပိုင်တဲ့အရုပ်တစ်ခုကိုသူတပါးအားမပေးချင်သည့်ခံစားချက်သက်သက်ဟုသာ သူတွေးလိုက်သည်..ပြီးနောက်သူ့အတွေးအားပြန်စဉ်းစားကာ ရယ်လိုက်မိသေးသည်.
Jinကသူ့အပိုင်တဲ့လား..?
.................................................
ဒီနေ့ကတော့ ဘာလေ့ကျင့်မှုမှမလုပ်ရပေ..သင်တန်းကာလပြီးဆုံးပြီမို့ ညနေကျလျှင်နှုတ်ဆက်ပွဲလုပ်ရန်အကုန်ပြင်ဆင်နေကြသည်..jinလည်းအထုတ်တွေပြင်ဆင်ပြီး စိတ်လက်ပေါ့ပါးစွာ အဆောင်ပြင်သို့ထွက်လာခဲ့လိုက်သည်......
Jung....jin''ဘယ်လဲ
Kim jung minသည်jinအားမျက်လုံးထောက်ဒေါင့်ကြည့်နေလားမသိ..တစ်ခုခုလှုပ်ရှားလိုက်သည်နှင့်အတင်းလိုက်မေးတတ်သည်...ဒါကိုjinကမနှစ်မြို့..
Jin...ပျင်းလို့ njဆီသွားမလို့..wae?
သူခပ်ရှင်းရှင်းပင်ပြောလိုက်တော့ jung minမျက်နှာတွင်နားလည်ရခက်ခဲသောအရိပ်အယောင်အချို့ဖြတ်ပြေးသွားသည်....
ထိုအရိပ်အယောင်တို့၏ အဓိပ္ပာယ် ကိုjinသိသော်လည်းစိတ်မလှုပ်ရှားမိ...ဒီ ကမ္ဘာတွင်သူချစ်ရသူမှာ ကောင်ဆိုးလေးkim Namjoonသာရှိသည်...
Jin....ကဲ ငါသွားပြီနော်...
ခေါင်းတစ်ချက်ငြိမ့်ပြကာjung minကျန်နေခဲ့သည်..ကောင်ဆိုးလေးသဝန်တိုအောင်jung minနဲ့စမ်းသပ်ကြည့်ရမလား..?ခနတာဝင်လာသောအတွေးတို့အားအမြန်ပင်မောင်းထုတ်လိုက်ရသည်..တော်ကြာစိတ်ဆိုးပြီး မိမိအားမုန်းသွားမှ ဒုက္ခ.....
YOU ARE READING
နှလုံးသားကင်းမဲ့ဇုန်
Fanfictionတကယ်လို့များဒီနေရာဒီရပ်ဝန်းကိုလာခဲ့ရင်... မင်းနှလုံးသားလေးပါမလာပါစေနဲ့.....