2

1.8K 132 1
                                    

seok jin''တို့​စာ​လေး​မေးချင်​လို့...

Jinတစ်​​ယောက်​ထဲထိုင်​​နေတုန်း အတန်းထဲမှမိန်းမ​ချော​လေးတစ်​ပါးဖြစ်​​သော soo miကဝင်​ထိုင်​ကာစကား​ပြောလိုက်​သည်​....jinကမိန်းက​လေး​တွေနှင့်​ပတ်​သတ်​ရ​ရော​နှောရတာကိုလုံးဝကိုမကြိုက်​..သို့​သော်​ဒီမိန်းက​လေးကမူခြွင်းချက်​...ချစ်​ခင်​မြတ်​နိုးလွန်း၍​တော့မဟုတ်​knjကဒီမိန်းက​လေးအ​ပေါ်တွင်​မရိုးသားမှန်းသူသိ​နေ၍ပင်​.......

Jin...အင်း..ထိုင်​​လေsoo mi''ဘာ​မေးမှာလဲ

သွားတန်းညီညီ​လေးများ​ပေါ်​အောင်​ပြုံးလိုက်​ရင်းသူsoo miကို​မေးလိုက်​သည်​...အ​နောက်​ဖက်​ဆီခပ်​​ဝေ့​ဝေ့​လေးကြည့်​လိုက်​​တော့ မီး​တောက်​မတတ်​ကြည့်​​နေ​သောknj၏မျက်​လုံးစူးစူးတို့ကိုမြင်​လိုက်​ရသည်​..
သူခနဲ့ပြုံး​လေးပြုံးကာပြန်​လှည့်​လိုက်​သည်​...ခံစားကြည့်​စမ်းပါknj..ကိုယ်​လိုချင်​တဲ့အချစ်​ကိုမရတဲ့ခံစားမှုမျိုးကိုမင်းခံစားကြည့်​လိုက်​စမ်းပါ......

..................................................
အတန်းနားချိန်​jinသန့်​စင်​ခန်းသို့ထွက်​လာခဲ့လိုက်​သည်​..ရုတ်​တရတ်​သူ့​ကော်​လံကို​ဆောင့်​ဆွဲပြီး သန့်​စင်​ခန်းနံရံ​တွေနှင့်​ကြမ်းတမ်းစွာကပ်​လိုက်​​သောknj....

Nj....k..s..j'မင်းsoo miနဲ့​ဝေး​ဝေး​နေလို့ငါ​ပြောထားတယ်​​လေ...

Jinသူ့လည်​ပင်းကိုကြမ်းတမ်းစွာဆွဲထား​သောnjလက်​တို့ကို​ဒေါသတကြီးပြန်​ခါချလိုက်​သည်​..ထို့​နောက်​အကျီ်​ကိုပြန်​ပြုပြင်​လိုက်​ရင်း....

Jin...knjငါ့ကိုအမိန့်​လာမ​ပေးနဲ့...ပြီး​တော့မင်းချစ်​လှပါတယ်​ဆိုတဲ့အဲ့မိန်းမကိုငါခံစားလို့ကိုမရတာ..ဟင်း..သူကသာအတင်းလိုက်​ကပ်​..

ခွပ်​..
သူ့​ရှေ့တွင်​သူချစ်​​သောမိန်းက​လေးကို​စော်​ကား​နေတာနားမ​ထောင်​နိုင်​ပါ..အထူးသဖြင့်​ဒီလို​ကောင်​၏နှုတ်​ဖျားက....

Njလဲကျသွား​သောksj​ပေါ်ခွထိုင်​လိုက်​ရင်းလက်​သီးချက်​များကိုအဆက်​မပြတ်​နာကျည်းစွာထိုး​နေမိသည်​..

နှလုံးသားကင်းမဲ့ဇုန်​Where stories live. Discover now