😚😚

1.1K 133 16
                                    


ကံ​ကောင်းသည်​ပဲလား?ကံဆိုးသည်​ပဲလား​တော့မသိ..​ကျောင်းသား​တွေ​နေရမည့်​အ​ဆောင်​​တွေဆီပို့​ပေး​တော့ Namjoonနှင့်​jinတစ်​ခန်းထဲမကျ....

နှစ်​​ယောက်​တစ်​ခန်းဆီ​နေကြရမည်​ဖြစ်​​သော​ကြောင့်​njက​သေချာ​ပေါက်​ksjနှင့်​တူတူ​နေရမည်​ထင်​​နေ
ခဲ့တာ..

သင်​တန်းပြဆရာ​တွေ၏စီစဉ်​မှု​ကြောင့်​ ksjတို့အ​ဆောင်​နှင့်​ အနည်းငယ်​​ဝေး​သော အ​ဆောင်​သို့nj​နေရာရသွားသညိ....ဒါလည်း​ကောင်းတာပါပဲ..မဟုတ်​ရင်​ ksj​ကြောင့်​ဘာ​တွေရင်​​မောရမည်​ရယ်​မသိ....

သူသက်​ပြင်း​လေးချကာ ကုတင်​​လေး​ပေါ်သို့ပစ်​လှဲလိုက်​သည်​...​ခေါင်းထဲတန်းဝင်​လာသည့်​အ​တွေးက ksjဘာများလုပ်​​နေမှာပါလိမ့်​.....?

...............................

Jinအိပ်​ရာ​ပေါ်ပက်​လက်​​လေးလှန်​ကာ မျက်​နှာကြက်​ဖြူဖြူကိုစိုက်​ကြည့်​​နေမိသည်​....knjဆို​သော ​ကောင်​စုတ်​​လေးဟာ အခန်းခွဲတာ​တောင်​ခပ်​ပြုံးပြုံးပင်​ ဘာမှမဖြစ်​သလို ထွက်​သွားသည်​....

ဟန်​​ဆောင်​ပန်​​ဆောင်​​လေး​တောင်​jinအနားလာချွဲမသွား....ဒီလို​လေးခွဲရတာကို​တောင်​မင်းမ​နေတတ်​​တော့ဘူးလားksj.....သူ့စိတ်​သူကိုအစိုးမရ​တော့....

Knjဆိုသည့်​​ကောင်​​လေးဟာ မူးယစ်​​ဆေးဝါး​တွေထက်​ပင်​စွဲ​စေ​သေးသည်​...ဖြတ်​မရနိုင်​​အောင်​ကို သိမ်းကြုံးယူငင်​ထား​သော မူးယစ်​​ဆေးဝါး​လေး.......

.......................

ရွီး ခနဝီစီမှုတ်​သံ​ကြောင့်​ njအိပ်​​နေရာမှ လန့်​ကာ ထ ထိုင်​လိုက်​သည်​....နာရီကိုကြည့်​​တော့ ည​နေ​စောင်းလုလု....သူ့အခန်း​ဖော်​ဖြစ်​ဟန်​တူ​သော​ကောင်​​လေးကnjကိုပျာတိပျာယာကြည့်​ကာ....

လာ​လေ..လူစုခိုင်းတာထင်​တယ်​...

Nj​ခေါင်းကိုခပ်​ဖွဖွကုတ်​လိုက်​ကာ မျက်​နှာကိုရှုံ့လိုက်​သည်​.. ဒါဘယ်​လိုကြီးလဲ?စစ်​တပ်​ထဲ​ရောက်​​နေတာလည်းမဟုတ်​ရ......

ခပ်​တိုးတိုး​လေးဆဲ​ရေးကာ ​လေးပင်​​သော​ခြေလှမ်း​တွေနှင့်​ အ​ဆောင်​နှစ်​ခု၏အလယ်​ရှိကွင်းပြင်​ဆီသို့ထွက်​လာခဲ့လိုက်​သည်​...မျက်​လုံးတို့က​တော့ တစ်​စုံတစ်​​ယောက်​ကို​တွေ့လို​တွေ့ငြားရှာ​ဖွေလျှက်​...

နှလုံးသားကင်းမဲ့ဇုန်​Where stories live. Discover now