နှိုးစက်သံ တတီတီ၏နှောင့်ယှက်မှုကြောင့် Jinနိုးထလာရသည်..မနက်5နာရီလောက်ကြီးထရသည့်အကြောင်းအရင်းမှာတော့ သူတို့၏ကျောင်းပေါင်းစုံ ထူးချွန်ပြိုင်ပွဲသည် ယနေ့စတင်သောကြောင့်ဖြစ်သည်..ဒီနေ့ကတော့ စာမေးပွဲသက်သက်ပင်ဖြစ်၍မနက်ဖြန်မှသာ အားကစားပြိုင်ပွဲများစတင်မည်ဖြစ်သည်..စိတ်လန်းဆန်းသွားအောင်ရေချိုးမည်ကြံလိုက်သော်လည်း njမနိုးသေးမည်စိုးသောကြောင့်knjအခန်းသို့အရင်သွားရန်ဆုံးဖြတ်လိုက်သည်..
lockချမထားသော အခန်းတံခါးကိုလွယ်လင့်တကူဖွင့်ဝင်ကာ ကုတင်ဆီကိုလှမ်းခဲ့လိုက်တော့ ထင်သည့်အတိုင်းပင် knjကကလေးလေးတစ်ယောက်လိုနှစ်ခြိုက်စွာအိပ်ပျော်လျှက်..
ဖက်ခေါင်းအုံးလေးကကိုခွကာအိပ်ပျော်နေသော ထိုကောင်လေး၏နှာသီးဖျားလေးကိုjinအသည်းယားစွာဆွဲညှစ်လိုက်တော့ ကိုယ်လေးဆတ်ခနဲတုန်သွားကာ ခပ်မှေးမှေးမျက်လုံးတို့စင်းလျှက်jinဆီကြည့်လိုက်သည်
Nj...ဟာဗျာ'ဘာလဲ
Jin...ထတော့လေ'ဒီနေ့ စာမေးပွဲရှိတာမေ့နေတာလား
Nj...ကျစ်8နာရီမှကို'ခင်ဗျားဘာသာ လုပ်စရာရှိတာလုပ် လူကိုလာမနှောင့်ယှက်နဲ့
မျက်စိတို့ကိုမဖွင့်ပဲ စကားတွေတရစပ်ပြောကာ knjကစောင်ကိုဆောင့်အောင့်ကာခြုံလိုက်ပြီး ပြန်အိပ်သွားသည်..
Jin...ကဲ ဒါဆို ငါလုပ်စရာရှိတာလုပ်ရတာပေါ့.
ပြောပြောဆိုဆိုနှင့်jinကုတင်ပေါ်သို့သွေ့ခနဲခုန်တတ်ကာ knj၏စောင်လေးကိုဆွဲဖယ်လိုက်သည်..မျှော်လင့်ထားသည့်အတိုင်း ဒေါသအိုးက အသံပြဲကြီးနှင့်အတင်းအော်ကာ jinအားတွန်းချရန်ကြံစည်နေသည်..
သူnjကိုယ်လေးကို အလွတ်မပေးပဲ ခြေထောက်တို့ဖြင့်ခွကာ ထိန်းချုပ်ထားလိုက်သည်..ဘာShampooသုံးလဲမသိသော်လည်း နီထွေးထွေးဆံပင်နုနုလေးတွေဆီကမွှေးပျံ့သောရနံ့လေးကို jinမြတ်နိုးစွာနမ်းရှိုက်လိုက်သည်....
YOU ARE READING
နှလုံးသားကင်းမဲ့ဇုန်
Fanficတကယ်လို့များဒီနေရာဒီရပ်ဝန်းကိုလာခဲ့ရင်... မင်းနှလုံးသားလေးပါမလာပါစေနဲ့.....