❤❤

1.3K 136 14
                                    

အိပ်​​ရေးမဝတဝနှင့်​ပင်​ jinနိုးလာခဲ့သည်​..မှုံတိမှုံဝါးမို့စိတ်​က​တော့သိပ်​မကြည်​လှ...knjအဆင်​မှ​ပြေပါ့မလား​တွေးကာ သူပင်​မသိလိုက်​ပါပဲknj၏အခန်း​ရှေ့သို့​ရောက်​သွား​တော့သည်​....

Jin...ahhh shii''ငါဘာလာလုပ်​တာလဲ?

ခေါင်းကိုတဗြင်းဗြင်းကုတ်​ပြီးလှည့်​ထွက်​မည်​ပြု​တော့​ချောက်​ကနဲတံခါးဖွင့်​သံနှင့်​အတူknjထွက်​လာသည်​..မျက်​နှာကဖြူ​ရော်​​နေ​ပေမဲ့လန်းဆန်း​နေသား...

ညအိပ်​ဝတ်​စုံဖားဖားကြီး​တွေနှင့်​သူတို့နှစ်​​ယောက်​ တစ်​​ယောက်​ကိုတစ်​​ယောက်​ရီချင်​စိတ်​ကိုမနည်းထိန်းထားကြရသည့်​ပုံဖြစ်​​နေသည်​...ကြည့်​​လေ..မာနကြီးလှပါသည်​ဟူ​သောjinကလည်း ပန်း​ရောင်​အကျီ်​ပွပွ​ဘောင်းဘီပွပွနှင့်​ အိပ်​ချင်​မူးတူး....မာ​ကြောလှပါသည်​ဟူ​သောknjကလည်း ကာတွန်းရုပ်​ညအိပ်​​ဘောင်းဘီတိုနှင့်​ မျက်​လုံးမပွင့်​တပွင့်​....

Nj...ဘာလဲ?

Jin....မင်း​ရှော​နေပြီလားလို့လာကြည့်​တာ..

ဘောက်​ဆက်​ဆက်​အ​မေးကိုဘုဂလန့်​ပင်​သူ​ဖြေပစ်​လိုက်​သည်​....knj၏မျက်​ခုံးထူထူတို့ကညီညာစွာတွန့်​ချိုးလျှက်​jinကိုစူးစိုက်​ကြည့်​ပြီး....ာ

Nj....အ​ကောင်းကြီးပဲ..လစ်​​တော့

Jinလည်းပုခုံး​လေးပြန်​တွန့်​ပြလိုက်​ပြီးထွက်​လာခဲ့သည်​..သူ့မျက်​နှာ​လေးဟိုဘက်​လှည့်​မိမှအားရပါးရကြီးကိုပြုံးလိုက်​မိသည်​..knjမျက်​နှာကဖြူးဖြူ​ဖောင်း​ဖောင်းကိုမျက်​လုံးကမပွင့်​​တော့ ဝက်​ဝံဖြူ​လေးလိုပင်​......

ဟာ...ksj..မင်းရူး​နေပြီထင်​တယ်​....ဘာ​တွေ​တွေး​နေတာလဲ...?သူစိတ်​ထဲက​နေပြန်​သတိ​ပေးလိုက်​ကာ ​ကျောင်းသွားရန်​ပြင်​ဖို့ အခန်းထဲပြန်​ဝင်​လာခဲ့လိုက်​သည်

သက်​သာတယ်​ဆို၍​တော်​ပါ​သေးသည်​...

...............................................

အတန်း​ထဲစာသင်​​နေ​သော်​လည်းjinစိတ်​ကသိပ်​မ​ဖြောင့်​..knjခုနက ဗိုက်​ကိုဖိ​နေတာသူမြင်​လိုက်​ရသည်​..အဆင်​မှ​ပြေရဲ့လားမသိ..​ခေါင်းမာသည့်​​ကောင်​စုတ်​ကအိမ်​တွင်​နားမည်​မရှိ..​ကျောင်းကိုလာဖြစ်​​အောင်​လာလိုက်​​သေးသည်​.....

နှလုံးသားကင်းမဲ့ဇုန်​Where stories live. Discover now