သူမရဲ့ခန္ဓာကိုယ်ဟာ မီးတောင်ထဲက ချော်ရည်တွေလို ပူပြင်းတောက်လောင်နေသည်။ သူမရှေ့က ထိုလူသာလျှင် အခုချိန်မှာ သူမကို ကယ်တင်နိုင်လိမ့်မည်။
သူ့ရဲ့စကျင်ကျောက်သား(marble) ကဲ့သို့ အေးစက်မာကျောနေတဲ့ အသားအရေကို တွယ်ဖက်ထားမိသည်။ သူမဒီနေရာက အသက်ရှင်လျက်ထွက်သွားနိုင်ဖို့ဆိုရင် သူမကိုယ်သူမ အရှုံးပေးလိုက်ရုံကလွဲပြီး တခြားရွေးချယ်စရာမရှိလေဘူး။
နာကျင်မှုတွေ အဆုံးသတ်သွားပြီးနောက် သူမစိတ်ထဲမှာ မီးရှုးမီးပန်းများ ပေါက်ကွဲထွက်နေသလိုသာယာဖွယ်ကောင်းတဲ့ ကြည်နူးမှုတွေကို စတင်ခံစားလာရ၏။ သူမက မီးပင်လယ်ထဲမှာ လွတ်မြောက်မှုမရှိ ထပ်ဖန်တလဲလဲစီးမျောနေသလို တိမ်စိုင်နေထဲမှာပဲ ပျံသန်းနေရသလို ခံစားမိနေသည်။
"ဟေး! ထထ ... အဲကွန်းအောက်က အေးတယ်. ဒီမှာမအိပ်နဲ့လေ၊ မင်း အအေးမိသွားမယ်နော် -"
သူမပခုံးပေါ်က လေးလံမှုကြောင့် နန်ရှီ နိုးလာသည်။ သူမမျက်လုံးဖွင့်ဖွင့်ချင်း ဘယ်နေရာရောက်မှန်း စဉ်းစားမရဖြစ်နေမိသည်။ သူမမျက်စိရှေ့မှာ ရပ်နေတဲ့ သူနာပြုတစ်ယောက်ကို တွေ့လိုက်ရ၏။ သူနာပြုရဲ့ စူးစမ်းတဲ့ အကြည့်တွေအောက်မှာ သူမ အနည်းငယ် မျက်နှာပူမိသွားသည်။ သူမရဲ့မျက်နှာလေးပေါ်ဝယ် အနီရောင်တို့ ဖြတ်သန်းသွား၏။
ကျစ် ... တကယ်တော့ ဒီကိစ္စတွေက တော်တော်ကြာညောင်းခဲ့ပါပြီ။ မီးရောင်တွေစုံလင်တဲ့ ညတစ်ညမှာ သူမအတော်ကလေး မူးနေခဲ့ပြီးတော့ သူမက ဆုယန်နဲ့အတူ ပူနွေးတဲ့ညတစ်ခုကို ဖြတ်သန်းနေမိခဲ့သည်။ ထိုအကြောင်းတွေအားလည်း မကြာခဏဆိုသလို သူမ အိပ်မက်မက်လေ့ရှိခဲ့သည်။
အရက်ရှိန်ကြောင့် သတိလွတ်ထွက်နေတဲ့ကျေးဇူးအရ ... အဲ့ဒီညတုန်းက မှတ်ဥာဏ်တွေဟာ သူမခေါင်းထဲမှာ သိပ်မရှိခဲ့ဖူးရယ်၊ အဲ့လိုမှမဟုတ်ရင် ယန်ကောကောနဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲတောင် မသိတော့ပါဘူး။
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၁ Zawgyi Only
Romanceခန္ဓာကိုယ်နဲ့ပြန်လည်အကြွေးဆပ်တဲ့သူ့အဖေ: "ငါ့ကိုလက်ထပ်ပါ" နန်ရှီ: ???!!! ပေါက်စီလေး: *ဝမ်းနည်းနေတဲ့ခွေးပေါက်မျက်လုံး* ??? နန်ရှီ ဟာ နှုတ်ဆိတ်ပြီးနေတဲ့ပေါက်စီလေးရဲ့အိမ်မှာစတင်နေထိုင်ပြီး သူ့ရဲ့အထီးကျန်ကမ္ဘာလေးကိုစွန့်လွှတ...