လုထင်းရှောင်ကြီး ပလက်ကြိုးကနေ ဖုန်းကိုဆွဲဖြုတ်လိုက်တဲ့နောက် နန်ရှီ ဘာတွေ ဆက်ပြောမှန်း လုကျင်းလိ မကြားရတော့ပေ ... ဒါပေမယ့် သူ့အထင်အရဆို နန်ရှီက လုထင်းရှောင် ပြန်အလာကို မေးနေတဲ့ပုံ။
သူ့အစ်ကိုရဲ့ အေးစက်စက်နိုင်သော အပြောတွေကို ကြားလိုက်ရတော့ ... သူ့ရင် ဗလောင်ဆူသွားပေ၏
# ဟုတ်သေးဖူးလေ! နန်ရှီရယ် .... အလုပ်ကို လူကိုယ်တိုင် လာပါလားလို့?! မိုးနတ်မင်းကြီးရယ် ... ကျနော့်ကို ဒီလိုမျိုးနဲ့ သေကြောင်းကြံနေတာလား? #
နန်ရှီ့အသံက ပိုပြီးတော့တောင် ညင်သာလာတယ်။ "ဒါမဲ့လေ ... ရတနာလေးကို ကျမတစ်ယောက်ထဲ ခေါ်သွားရမှာ စိတ်ပူမိတယ်. တစ်ခုခု ဖြစ်နေလို့လားဟင်? ရတနာလေးကလည်း ရှင်နဲ့အတူ သွားချင်ရှာမှာပေါ့! ပြန်လာခဲ့နော် ... နော် ... နော်လို့?"
လုထင်းရှောင် 3 စက္ကန့်မျှ နှုတ်ဆိတ်သွား ပြီးနောက်မှာတော့ ~ "ကောင်းပြီ ... တအောင့်နေရင် ပြန်လာမယ်"
လုကျင်းလိ တစ်ယောက် ကြက်သေ,သေသွားလျက် ... ထို့နောက်တွင်မူကား သူ့အပေါ် နေရောင်ခြည်ဖြာလင်းလာသလို ~ ဘုရားရေ ... ကျနော် ကောင်းကင်ဘုံမှာ လားဟင်!
မရီး တန်ခိုးကြီးမားပါတကား!
သူမ လုပ်နိုင်မယ်ဆိုတာ ငါ သိသားဖဲ!
တကယ်တော့ သူ့စိတ်ထဲမှာ သူ့အစ်ကို လှုပ်ရှားသွားမှာမဟုတ်ဖူး သူ တွေးနေတာ ... ဒါပေမယ့် လက်စသတ်တော့ သူက စိတ်ရှုပ်ချင်ယောင် ဆောင်နေတာကိုး!
ဖုန်းပြောပြီးတဲ့နောက် ... လုထင်းရှောင်က စကားကြီး နှစ်ခွန်း မွှက်ကြားလာပေ၏ ~ "အစည်းအဝေး ပြီးပြီ!"
လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်၏ ... သူတို့မျက်စိရှေ့ မြင်ကြားနေရတာတွေကို မယုံကြည်နိုင်ကြဖူးလေ!
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၁ Zawgyi Only
Romanceခန္ဓာကိုယ်နဲ့ပြန်လည်အကြွေးဆပ်တဲ့သူ့အဖေ: "ငါ့ကိုလက်ထပ်ပါ" နန်ရှီ: ???!!! ပေါက်စီလေး: *ဝမ်းနည်းနေတဲ့ခွေးပေါက်မျက်လုံး* ??? နန်ရှီ ဟာ နှုတ်ဆိတ်ပြီးနေတဲ့ပေါက်စီလေးရဲ့အိမ်မှာစတင်နေထိုင်ပြီး သူ့ရဲ့အထီးကျန်ကမ္ဘာလေးကိုစွန့်လွှတ...