"အစ်ကို မင်းပြန်လာပြီပဲ. မင်းရတနာလေး ရုတ်တရက်ကြီးထပြီး စိတ်ကောက်နေတယ်!"
"ဘာဖြစ်တာလဲ?" လုထင်းရှောင်က အသံနှိမ့်ပြီးမေးလိုက်တယ်။
"ကျနော်လဲ ဘာဖြစ်မှန်းမသိဘူး.သူနိုးလာတော့ တစ်ယောက်ယောက်ကို ရှာဖို့လုပ်တယ်.ကျနော်လဲ သူနန်ရှီကို ရှာနေတယ်ထင်လို့...အန်တီလှလှက သွားပြီလို့ ပြောလိုက်တာ.ပြောလဲပြောပြီးရော သူထပြီး စိတ်ရူးပေါက်သွားတာပဲ.ရတနာလေးက နန်ရှီကို တော်တော်သဘောကျပုံပဲ.ဘယ်သူ့စကားမှ နားမထောင်တော့ပဲ ဒီလိုဖြစ်သွားတယ်!"
ဒီတလောအတွင်းမှာ ရတနာလေးဒီလောက်ထိ ခံစားချက်မတည်ငြိမ်တာ ဒါပထမဆုံးပဲ။
အဖြစ်အပျက်တစ်ခုလုံးကို ကြားပြီးတော့ လုထင်းရှောင် ရတနာလေးဆီ လျှောက်သွားတယ်။
လုထင်းရှောင်က သူ့ဆီချဉ်းကပ်လာတာကို သတိထားမိတော့ ကလေးကလန့်ပြီး ကိုယ်လေးပြန်ကျုံ့သွားတယ်.သူ့မျက်လုံးတွေက စူးစမ်းပြီး သတိထားနေတယ်.သူ့အဖေအရင်းကိုတောင် မတုန့်ပြန်ဘူး။
လုထင်းရှောင်က ရတနာလေးနဲ့ သုံးလှမ်းအကွာမှာရပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့... "သားဦးလေး၂ပြောတဲ့ အန်တီသွားပြီဆိုတာ...ဒီတိုင်းထွက်သွားတာကိုပြောတာ.သူ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေကကောင်းတယ်...ဒီတိုင်း ဆေးရုံကထွက်သွားပြီး အိမ်ပြန်သွားတာ. သေပြီး ဒီလောကကြီးက ထွက်သွားတာမဟုတ်ဘူး...သားဘွားဘွားလိုမျိုး သေသွားပြီး ဘယ်တော့မှ ပြန်မလာတော့တာမျိုး မဟုတ်ဘူး. နားလည်လား?"
လုထင်းရှောင် ဒီလောက်ပဲစိတ်ရှည်နိုင်တယ် ပြီးတော့ သူ့သားကို စကားတွေအများကြီးပြောလိုက်တယ်။
လုကျင်းလိ ဆွံ့အသွားမိသည်။ "နောက်နေတာလား? ငါပြောလိုက်တဲ့ 'သွားပြီ' ဆိုတဲ့ စကားလေးနှစ်လုံးထဲနဲ့ သူကဒီလောက်အများကြီး တွေးချလိုက်တယ်ပေါ့"
တကယ်တော့ နန်ရှီ လဲကျသွားတာကို မြင်လိုက်ကတည်းက ကြောက်လန့်ပြီး ခြောက်ခြားသွားတာဆိုတော့ ရတနာလေးရဲ့ စိတ်အခြေအနေပုံမှန်မဟုတ်တာ လုံးဝမထူးဆန်း...
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၁ Zawgyi Only
Romanceခန္ဓာကိုယ်နဲ့ပြန်လည်အကြွေးဆပ်တဲ့သူ့အဖေ: "ငါ့ကိုလက်ထပ်ပါ" နန်ရှီ: ???!!! ပေါက်စီလေး: *ဝမ်းနည်းနေတဲ့ခွေးပေါက်မျက်လုံး* ??? နန်ရှီ ဟာ နှုတ်ဆိတ်ပြီးနေတဲ့ပေါက်စီလေးရဲ့အိမ်မှာစတင်နေထိုင်ပြီး သူ့ရဲ့အထီးကျန်ကမ္ဘာလေးကိုစွန့်လွှတ...