ညနက်ပိုင်း၌ ... Glory World Groupရဲ့ ပြည်သူ့ဆက်ဆံရေးဌာနတွင်။
လျန်ဖိန်းရှင်း တစ်ယောက် ဆုရီမိုရဲ့ အရက်မူးပြီး ကားတတ်မောင်းစဉ် လူတစ်ယောက်ကို တိုက်မိသည့် သတင်းကြောင့် ဗျာများနေရချိန် ... သူ့သီးသန့်ကိုယ်ရေးကိုယ်တာ ဆဲလ်ဖုန်းက ထမြည်လာ၏။
သူ့ဖုန်းအား အရေးမစိုက်ပဲ ပိတ်ပစ်ဖို့ ကြံရွယ်လိုက်သော်ငြား ... ခေါ်ဆိုလာသည့်သူနာမည်ကို ကြည့်ပြီး အကြောက်လွန်ကာ သူ့နဖူး ချွေးစေးပြန်သွားလေသည်။ သူကမန်းတန်းပင် ထရပ်မိကာ ... ဖုန်းကို တရိုတသေဖြင့် ကိုင်၍ ထူးလေသည် —
"ဟယ်လို ... ဥက္ကဌလု ... တောင်းပန်ပါတယ်ဗျာ! ကျနော်တို့ အခုပဲ ဒီကိစ္စကို ရှင်းလင်းဖို့ လုပ်နေပါပြီ ... မနက်ဖြန် ညနေလောက်မှာ လုံးဝအပြီးသတ်ဖို့ အာမခံပါတယ်ခင်ဗျ!"
"ဘာကို?" ဖုန်းတဖက်မှ အမျိုးသားတစ်ယောက်ရဲ့ အေးစက်စက် ခပ်ပြတ်ပြတ်အသံထွက်လာ၏။
"အယ်? ဟွာ ဆုရီမို ရဲ့ အရက်မူးပြီး ကားမောင်းတဲ့ကိစ္စလေ ... ကျနော့်ကို အဲ့အတွက် ခေါ်တာမဟုတ်ဖူးလားဟင်?" လျန်ဖိန်းရှင်း အတွေးရခက်သွား၏။ ဒီတော့ big boss လုက သူ့ကို ညကြီးမိုးချုပ်မှ ဖုန်းခေါ်တာ ဒီကိစ္စစစ်မေးဖို့ မဟုတ်ဖူးပေါ့လေ?
"နိုး"
လျန်ဖိန်းရှင်း ချက်ချင်းပင် စိတ်အေးသွားရသည်။ မဟုတ်တောင် သူ အလုပ်များ၍ ဦးနှောက်ခြောက်မတက်ပင် ဖြစ်နေရတာပါ။ ဥက္ကဌလုကလည်း ဘယ်သောအခါမှ Glory World ရဲ့ စီးပွားရေးကိစ္စထဲ ပါဝင်လေ့မရှိတော့လဲ။ အေးပေါ့ သူတို့မျက်လုံးထဲမှာ Glory Worldရဲ့ ထိပ်တန်းမင်းသမီး ဆုရီမို ကိစ္စမှန်သမျှက အရေးကြီးနေပေမယ့် ... လုထင်းရှောင်အတွက် ... နည်းနည်းလေးတောင်မှ စိုးထိတ်သွားခြင်း မဖြစ်စေပါဘူးလေ။
အဲ့တာကိုများ big boss က ဒီအချိန်ကြီးကျမှ ဘာကိစ္စကြောင့် သူ့ကိုခေါ်ရသည်လဲ?
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၁ Zawgyi Only
Romanceခန္ဓာကိုယ်နဲ့ပြန်လည်အကြွေးဆပ်တဲ့သူ့အဖေ: "ငါ့ကိုလက်ထပ်ပါ" နန်ရှီ: ???!!! ပေါက်စီလေး: *ဝမ်းနည်းနေတဲ့ခွေးပေါက်မျက်လုံး* ??? နန်ရှီ ဟာ နှုတ်ဆိတ်ပြီးနေတဲ့ပေါက်စီလေးရဲ့အိမ်မှာစတင်နေထိုင်ပြီး သူ့ရဲ့အထီးကျန်ကမ္ဘာလေးကိုစွန့်လွှတ...