လုကျင်းလီ ချောင်းဟန့်လိုက်တယ်။ "အာ... ဆန်းတော့ မဆန်းပါဘူး... နန်ရှီ ပြည်ပမှာတုန်းက တွဲခဲ့တဲ့သူတွေနဲ့ အတည်တွဲတာလည်း မဟုတ်ဘူးလေ... သူ ပျင်းလာပြီဆိုတာနဲ့ ဖြတ်ထားခဲ့တာချည်းပဲ... ဒါပေမယ့် ဒီဆုယန်ကျတော့ သူ တကယ်ချစ်ခဲ့တဲ့ တစ်ဦးတည်းသော ယောက်ျားပဲ..."
သူ ရှင်းပြလိုက်တော့မှ လုထင်းရှောင် မျက်နှာထားက ပိုမဲ့သွားတော့တယ်။
လုကျင်းလီ ဆွံ့အသွားရပြန်တယ်။ သူ စိတ်ထဲက တွေးနေမိတယ်။ {အစ်ကိုတို့တွေက တွဲနေတာလည်း မဟုတ်သေးဘဲနဲ့ ... သူအရင်က တွဲခဲ့တဲ့သူတွေကို သတ်ချင်ဖြတ်ချင်စိတ်ပေါက်ခွင့် အစ်ကို့မှာ ဘယ်ရှိဦးမလဲ...}
"အစ်ကို... သူ့အနားမှာ ကပ်နေပြီး သူအစ်ကို့ကို ပြန်ချစ်လာတဲ့အထိ စောင့်နေချင်တယ်ဆိုရင်တောင် သူ့ကို Glory World ရောက်အောင် ခေါ်လိုက်ပါလား... အခု သူက ပြိုင်ဘက် ကုမ္ပဏီ Starlight အောက်မှာဆိုတော့ အဆင်မပြေဘူး... ပြီးတော့ ကျွန်တော် သိရသလောက် ဟိုမှာဆို... နန်ရွှယ်လျိုက သူ့ကို အနိုင်ကျင့်နေတာ..." လုကျင်းလီက ပွစိပွစိ တတွတ်တွတ်ပြောနေတော့တယ်။
ရတနာလေးကို ဖက်ထားရပြီးနောက် ငြိမ်ချက်သားကောင်းနေသော မိန်းကလေးကို လုထင်းရှောင် ကြည့်နေလိုက်မိတယ်။ "အချိန်မကျသေးဘူး..."
သူတို့ အိမ်ပြန်ရောက်လို့ ကားပေါ်ကဆင်းတော့ ပြဿနာတစ်ခု တက်လာပြန်တယ်။
နန်ရှီက ငွေဖြူရောင် ပြိုင်ကားကို သတိထားမိသွားပြီး မျက်လုံးတွေက အစာငတ်နေတဲ့ ဝံပုလွေလို အငမ်းမရ အရောင်တောက်လာတယ်။ သူမက ကားပေါ်ကို မှောက်ချလိုက်ပြီး မခွာဘဲ ပေကပ်နေတယ်။ သူမ မျက်နှာထားကလည်း စိတ်ကူးထဲက ချစ်သူကို တွေ့လိုက်ရတဲ့ ဆယ်ကျော်သက်မြီးကောင်ပေါက်လေးလိုပဲ။ "အိုး...! ဖြူလေး...! ငါ့အချစ်ကလေး...!"
လုထင်းရှောင် မျက်နှာထားကတော့ မီးပွိုင့်ကြီး အရောင်ပြောင်းသလို နီလိုက်စိမ်းလိုက်နဲ့။
သူ့မှာ သူမကို ပြန်ခေါ်လာဖို့အရေး မနည်းကြိုးစားခဲ့ရတာ။ သူ့ဂုဏ်သိက္ခာပျက်နိုင်ချေရှိတာတောင် မမှုဘဲ အမျိုးသမီးသန့်စင်ခန်းထဲထိဝင်ပြီး သူမကို ခေါ်လာခဲ့ရတယ်။ ဒါပေမယ့် သူမကတော့ ကျေးဇူးတင်ရကောင်းမှန်း မသိ၊ သူ့ကို စိတ်ပုတ်မိစ္ဆာကြီးလို့တောင် ခေါ်လိုက်သေးတယ်။ အခုတော့ သူမက ကားတစ်စီးကိုကျတော့ ဖက်ပြီး အချစ်ကလေးလို့တောင် ခေါ်နေလိုက်သေး။
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၁ Zawgyi Only
Romanceခန္ဓာကိုယ်နဲ့ပြန်လည်အကြွေးဆပ်တဲ့သူ့အဖေ: "ငါ့ကိုလက်ထပ်ပါ" နန်ရှီ: ???!!! ပေါက်စီလေး: *ဝမ်းနည်းနေတဲ့ခွေးပေါက်မျက်လုံး* ??? နန်ရှီ ဟာ နှုတ်ဆိတ်ပြီးနေတဲ့ပေါက်စီလေးရဲ့အိမ်မှာစတင်နေထိုင်ပြီး သူ့ရဲ့အထီးကျန်ကမ္ဘာလေးကိုစွန့်လွှတ...