အခန်း (၆၉) အရမ်း​ချောထှာပဲဟယ်​...​ခြေ​ထောက်​​တောင်​ ​ပျော့​ခွေကုန်​ပြီ

7.5K 1K 34
                                    

ထုတ်လုပ်ရေးပိုင်း ဝန်ထမ်းတွေက ဒီကနေ့မှာလည်း အရင်အတိုင်းပါပဲ၊ ဒုတိယခေါင်းဆောင်မင်းသား လာမယ်ဆိုပြီး ထူးထူးခြားခြားမပြုမူကြပါဘူး။

အဓိက ခေါင်းဆောင်မင်းသား ကျောင်စီကျိုး နားမှာတော့ အနုပညာ အသိုင်းအဝိုင်းမှာ ခမ်းနားကြီးကျယ်တဲ့ သူ့သမိုင်းကြောင်း​တွေကို လေးစားမှုတွေထင်းနေတဲ့ မျက်နှာတွေနဲ့ နားထောင်နေကြတဲ့ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်ကာရှိ​နေပါတယ်​။ ကျာ့ချင်းချင်း နဲ့ နန်​ရွှီလျို တို့ရဲ့ ပတ်သက်မှုကတော့ မကြာသေးမီက ပိုပြီး ကောင်းလာပါတော့တယ်၊
ပြီးတော့ သူတို့က အာ​ပေါင်းအာရင်းတသန်​ဖြင့်​ သူမအဖေ ဝယ်ပေးထားတဲ့ စိန်​လက်ကောက် အကြောင်းကို ပြောနေကြတယ်။

တစ်ခုခုဖြစ်တော့မလိုမျိုး စိတ်ပူနေရပြီး စိတ်လှုပ်ရှားနေရသူလေးကတော့ နန်ရှီ တစ်ယောက်သာ။ တကယ်တော့ ဒုတိယခေါင်းဆောင်မင်းသား နဲ့ အတူ သူမရိုက်ရမယ့် အခန်းက အများကြီးပါပြီး​တော့ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က သူမအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုလည်း ဖြစ်​လာနိုင်​တယ်​​လေ။

ကျာ့ချင်းချင်းက မာနထောင်လွှားပြီး အထင်သေးတဲ့မျက်နှာထားဖြင့် သူမလက်ကောက်ဝတ်က တစ်လက်လက်တောက်နေတဲ့ စိန်လက်ကောက်ကို ကစားလျက်​၊ "အစ်မ ရွှီလျို​ရေ ... ကြည့်​စမ်းပါအုံး၊ သူ(မ)ဘယ်​​လောက်​​တောင်​ ကြွတက်​​နေသလဲလို့! ဒါရိုက်​ကြီးစကားကို သူ(မ)တကယ်​ ယုံ​နေတာပဲ ... မသိရင်​ *[၁]ပန်းအန်​ ကြွအလာကိုပဲ ​စောင့်​​နေရသလိုလို?"

နန်ရွှီလျိုက မ​နေသာသလို အသွင်​ဖြင့်​ "ညည်း​လေးကလည်း နန်​ရှီ့ကို အမြဲရ,မယ်​ ရှာမ​နေပါနဲ့. သူ(မ)က ဒုတိယ ခေါင်းဆောင်မင်းသားနဲ့ ရိုက်ရမယ့် အခန်းပိုများတာကို၊ အဲ့​တော့ သူ(မ)က အစ်မ​တို့ထက်​ပိုပြီး အ​လေး​ပေးတာ ဖြစ်​သင့်​ပါတယ်​!"

"ဟီးဟီး ... ဟုတ်သားပဲ ... kissing scene နဲ့ bed scene တွေချည်းပဲ ​အောတိုက်​! ညီမ အစကတည်းက အဲ့ role ကို မယူလိုက်တာ ကံကောင်းသွားတယ်​၊ မဟုတ်ရင် ညီမတော့ ဘယ်လောက်​များ အသားယူခံ ရမလဲပဲ! ကျာ့ချင်းချင်းတစ်​​ယောက်​ ဝမ်းသားအယ်​လည်း ဖြစ်​သွား​ပေ၏။ အဲ့ဒီနောက် သူမက နန်ရွှီလျိုကို လေးစားစွာကြည့်လိုက်ပြီး " အစ်မ ရွှီလျို ကတော့များ ကံ​ကောင်းချက်​ဖဲ ... ချစ်သူက အရမ်းခန့်ညားတယ်၊ သရုပ်​​ဆောင်​ဖက်​ ကလည်း လွှတ်​​,​ချောဆိုတာများ ..."

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now