ထိုနေ့ရက်တွေမှာ...နန်ယောင်ဟွာရဲ့သမီးက သံပုရာရနံ့လက်ဆေးဆပ်ပြာရည်တွေကို ဘယ်လိုသောက်လိုက်တယ်ဆိုတာမျိုးတွေ၊ သူမက ဂုဏ်ပြုထမင်းစားပွဲမှာ အဝတ်အစားတံဆိပ်အတုတွေကို ဝတ်ဆင်လာတယ်ဆိုတာက တမျိုးနဲ့ အဲ့ဒီက လူတွေအတွက် ရယ်စရာတစ်ခုလို ဖြစ်စေခဲ့တယ်။ မတော်တဆများ လူတွေက အတိတ်တွေကိုတွေ့ရှိသွားခဲ့ရင် သူ့ဂုဏ်သိက္ခာတွေ ရှိတော့မှာမဟုတ်ဘူးလေ?
နန်ပါးပါးရဲ့စကားလုံးတွေက နန်ရှီကို ဖြူ ဆုတ်သွားစေတယ်။
ထိုညက၊ အဲ့ဒီလူစိမ်း၊ သေသွားတဲ့ကလေး. . .
ဒါက သူမရဲ့အားနည်းချက်ပါပဲ။
အဲ့ဒီနှစ်က ကြောက်ဖို့ကောင်းတဲ့ အရှက်ရစရာကိစ္စတွေကို နန်မိသားစုက ဖုံးဖိထားခဲ့တယ်၊ ပြီးတော့ နန်ရွှယ်လျိုကလည်း သူမလုပ်ခဲ့တာတွေ ပေါ်သွားမှာကြောက်လို့ တိတ်တိတ်နေခဲ့တယ် ... ဒါပေမယ့် ဒါက နန်ရှီရဲ့အမှောင်မိုက်ဆုံးသော အိပ်မက်ဆိုးတစ်ခု ဖြစ်နေတုန်းပဲ။
"မင်းဘာသာမင်း ထွက်သွားဖို့ ငါ မျက်နှာသာပေးထားတယ်နော် ... ဒါပေမဲ့လို့ မင်းက ငြင်းဆန်အုံးမယ်ဆိုရင်တော့ ငါတို့ရဲ့ ဖအေနဲ့သမီးသံယောဇဉ်ကို မထောက်ဘူးလို့ မစွပ်စွဲပါနဲ့"
"အို...ဒီတော့ ကျွန်မတို့ကြားမှာ သားအဖ သံယောဇဉ်ဆိုတာမျိုး တကယ်ပဲကျန်သေးတယ်ပေါ့..."
"ဖေဖေ, ရှောင်ရှီ...ဘာဖြစ်နေကြတာလဲ?" သူတို့အနောက်မှ နန်ရွှယ်လျိုရဲ့အံ့အားသင့်အသံ ထွက်ပေါ်လာတယ်။
နန်ရွှယ်လျိုမှန်း သတိပြုမိတော့ နန်ပါးပါးက အမြတ်တနိုးအမူအရာပုံစံ အဖြစ်ပြောင်းသွားတယ်။ "သမီး စိုးရိမ်စရာဘာမှမရှိပါဘူး. သမီးလေးပြန်သွားရင်... သမီးကုမ္ပဏီကို ဒီထက်ကောင်းတဲ့ ဒုတိယမင်းသမီးတစ်ယောက်ကို ရှာဖို့ မေးလိုက်အုံး"
သူ့စကားလုံးတွေရဲ့နောက်ကွယ်က အဓိပ္ပါယ်ကတော့ နန်ရှီ့နေရာကို အစားထိုးပစ်ခိုင်းတာ။
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၁ Zawgyi Only
Romanceခန္ဓာကိုယ်နဲ့ပြန်လည်အကြွေးဆပ်တဲ့သူ့အဖေ: "ငါ့ကိုလက်ထပ်ပါ" နန်ရှီ: ???!!! ပေါက်စီလေး: *ဝမ်းနည်းနေတဲ့ခွေးပေါက်မျက်လုံး* ??? နန်ရှီ ဟာ နှုတ်ဆိတ်ပြီးနေတဲ့ပေါက်စီလေးရဲ့အိမ်မှာစတင်နေထိုင်ပြီး သူ့ရဲ့အထီးကျန်ကမ္ဘာလေးကိုစွန့်လွှတ...