တစ်စုံတစ်ယောက်ကို တကယ် ကြိုက်မိသွားတဲ့အခါ ဘယ်လိုခံစားရလဲလို့ ချင်မုဖုန်း ကို သူ တစ်ခါမေးခဲ့ဖူးတယ်။ ချင်မုဖုန်း ကတော့ သူ အဲ့ဒီတစ်စုံတစ်ယောက်ကို တွေ့တဲ့အခါ သိလိမ့်မယ် လို့ပြောတယ်။
အဲ့ဒီတုန်းကတော့ ချင်မုဖုန်း ပြောတာ လုံးဝအဓိပ္ပါယ်မရှိဘူးလို့ သူထင်ခဲ့တယ်။
နန်ရှီကို တွေ့ပြီးတော့မှ ချင်မုဖုန်း ရဲ့စကားက မှန်တယ်ဆိုတာ သူသိလိုက်ရတယ်။
"ဂုဏ်ယူပါတယ်ကွာ! asexual တော်တော်များများက သူတို့ရဲ့ တစ်ယောက်သောသူကို မတွေ့လိုက်ရဘဲ ဘဝတစ်ခုလုံးကို ရှင်သန်သွားရနိုင်တယ်!" ချင်မုဖုန်း သူ့ရဲ့ သူငယ်ချင်းဟောင်းကြီးကို ဝမ်းသာအားရ ဂုဏ်ပြုလိုက်တယ်။
ကမ္ဘာပေါ်မှာ လိင်တူကြိုက်နှစ်သက်သူတွေ (homosexuals) နဲ့ လိင်ကွဲကြိုက်နှစ်သက်သူတွေ (heterosexuals) အပြင် လိင်တူရော လိင်ကွဲရော စိတ်မဝင်စားသူတွေ (asexuals) တွေလည်း ရှိတယ်။
Asexual တစ်ယောက် ဖြစ်နေခြင်းဟာ ရောဂါတစ်ခုမဟုတ်သလို လိင်စိတ်တိမ်းညွတ်မှု မသဲကွဲတာ ၊ ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုကို ထုတ်ပြောရမှာ ကြောက်ရွံ့နေတာမျိုးလည်း မဟုတ်ဘူး။ အရှင်းဆုံးပြောရရင် asexuality ဆိုတာ 'လိင်မှုကိစ္စတွေကို စိတ်ဝင်စားမှု မရှိခြင်း' ဘဲ။
ဒီလိုအခြေအနေကြောင့် လွန်ခဲ့တဲ့ ၅ နှစ်တုန်းက သူ့အမေဟာ သူ့ကို ဆေးခပ်ဖို့ လုကျင်းလိကို ခိုင်းခဲ့တယ်လေ။
"အကောင်းပေါ် အကောင်းဆင့်တယ်ဆိုတာ ဒါမျိုးပဲ ဖြစ်ရမယ်. ကဲ .. ဆိုတော့ကား .. ဘယ်အချိန် မင်္ဂလာအရက် သောက်ရမှာလဲ?" ချင်မုဖုန်း ခပ်နောက်နောက်ပြောလိုက်တယ်။
"ကြိုးစားနေတုန်းပဲ!" ဘယ်တော့မှ မရှုံးနိမ့်နိုင်တဲ့ လုထင်းရှောင်ရဲ့ မျက်နှာပေါ်မှာ ရှားရှားပါးပါးဘဲ မသေချာမရေရာမှုတွေ ရှိနေခဲ့တယ်။
ချင်မုဖုန်း အံ့အားသင့်သွားရတယ်။
"တကယ်ကြီး ဘာမှမဖြစ်သေးဘူးလား? ငါက စီအီးအိုကြီးလုဘက်က သေချာလောက်ပြီလို့ ထင်ထားတာ! ဟုတ်ပါတယ်လေ .. မင်းကို ဖမ်းစားနိုင်တဲ့ မိန်းကလေးဆိုမှတော့ တစ်ခုခုထူးခြားတဲ့သူ ဖြစ်မှာပေါ့! ဒီတော့ မင်း ဒီတစ်ခေါက် ငါ့ခေါ်လိုက်တာ မိန်းကလေးတွေကို ပိုးပန်းနည်း သင်ခိုင်းမလို့လား? အတွေ့အကြုံမှာတော့ ဒုတိယသခင်လေးကို မယှဉ်နိုင်ပေမဲ့ သဘောတရားတော့ ငါ ကောင်းကောင်းကြီး နားလည်တယ်!"
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၁ Zawgyi Only
Romanceခန္ဓာကိုယ်နဲ့ပြန်လည်အကြွေးဆပ်တဲ့သူ့အဖေ: "ငါ့ကိုလက်ထပ်ပါ" နန်ရှီ: ???!!! ပေါက်စီလေး: *ဝမ်းနည်းနေတဲ့ခွေးပေါက်မျက်လုံး* ??? နန်ရှီ ဟာ နှုတ်ဆိတ်ပြီးနေတဲ့ပေါက်စီလေးရဲ့အိမ်မှာစတင်နေထိုင်ပြီး သူ့ရဲ့အထီးကျန်ကမ္ဘာလေးကိုစွန့်လွှတ...