"ရွှယ်လျို ... နန်ရှီက မင်းရဲ့ဂျူ နီယာဆိုတော့. Meng Changge အဖြစ် သူ(မ) သရုပ်ဆောင်ခြင်းအပေါ် မင်းဘယ်လို မြင်ပါသလဲ?" သတင်းထောက်တစ်ယောက်က နန်ရွှယ်လျို ကို မေးလာတယ်။
နန်ရွှယ်လျိုက ချက်ချင်းပဲ ရည်မွန်တဲ့မျက်နှာအမူအရာ အဖြစ်သို့ ကူးပြောင်းသွားပြီး အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးနဲ့ ဖြေလိုက်တယ် , "ကျွန်မရဲ့ဂျူနီယာညီမက အများကြီးအရည်အချင်းရှိပါတယ်. သူ(မ)က လူတွေကို စိတ်မပျက်စေရဘူးလို့ ကျွန်မ ယုံကြည်ပါတယ်..."
နန်ရှီ့အကြောင်းကို မေးတော့ နန်ရွှယ်လျို က မြှောက်ပင့်စကားတွေ အများကြီးနဲ့ချီးမွမ်းပြောဆိုခဲ့သည်။
သူမရဲ့ဂျူနီယာကို မြှင့်တင်ပေးသယောင်ဆောင်တယ် ဆိုတာကိုတော့ ဘယ်သူ့မှတကယ် မသိကြပါဘူး ... ဒါပေမယ့် နန်ရွှယ်လျိုဟာ အကြံသမားမှန်း နန်ရှီကတော့ သိလေ၏။
သူမက တကယ်ကူညီနေတာမှ မဟုတ်တာ...အဲ့အစား နန်ရှီ ကျဆုံးဖို့အတွက် ပြင်ဆင်နေတာကို။
ဖွင့်ပွဲအခမ်းအနားက အခုထိ မစရသေးဘူး ... ဒါပေမဲ့ နန်ရွှယ်လျိုကတော့ သူမအတွက် အမြင့်ကြီးမျှော်လင့်ထားတဲ့ ချီးမွမ်းစကားတွေကို ပြောပြီးသွားပြီ။ ဒါက နန်ရှီဟာ အမှားသေးသေးလေးတစ်ခုကို ဖြစ်သွားစေခဲ့ရင် လူများစွာကို ပိုပြီးစိတ်ပျက်သွားစေနိုင်လိမ့်မယ်။
နန်ရွှယ်လျို ကံမကောင်းစွာပဲ နန်ရှီက သူမရဲ့မကောင်းတဲ့အစီအစဉ်ကို ဖြစ်မြောက်သွားစေဖို့ ခွင့်မပြုထားဘူးလေ။
ပြီးခဲ့တဲ့ ငါးနှစ်တာအတွင်း ခက်ခက်ခဲခဲ ကြိုးစားလေ့ကျင့်ခဲ့ပြီးနောက် သူမ သရုပ်ဆောင်ဖို့အတွက် ပြန်လာထဲက လူအားလုံးကို ရိုးရိုးသားသား စည်းရုံးနိုင်လိမ့်မယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မျိုး သူမ ရှိလာတယ်လေ။
ငါ့ကို ခြေထိုးချင်တယ်ပေါ့လေ? နင်စောင့်ကြည့်လိုက်ပါအုံး!
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၁ Zawgyi Only
Romanceခန္ဓာကိုယ်နဲ့ပြန်လည်အကြွေးဆပ်တဲ့သူ့အဖေ: "ငါ့ကိုလက်ထပ်ပါ" နန်ရှီ: ???!!! ပေါက်စီလေး: *ဝမ်းနည်းနေတဲ့ခွေးပေါက်မျက်လုံး* ??? နန်ရှီ ဟာ နှုတ်ဆိတ်ပြီးနေတဲ့ပေါက်စီလေးရဲ့အိမ်မှာစတင်နေထိုင်ပြီး သူ့ရဲ့အထီးကျန်ကမ္ဘာလေးကိုစွန့်လွှတ...